Episode.26

701 125 11
                                    

{Zawgyi}

အပြင်လောကကို ထိတွေ့ရမည်ဆိုတဲ့
အသိစိတ်က ခင်ဗျားကို ဘာလို့
ဒီလောက်တောင် အဆင်မပြေစေတာလဲ ?

ခင်ဗျား ဘာလို့ တိတ်တဆိတ်ပဲ
ရှင်သန်သွားချင်ရတာလဲ
ဒါတောင်မှ လူသေတစ်ယောက်လိုမျိုး

အပြင်ဘက်ကို ယောင်လို့တောင်
ငေးမကြည့်ပဲ ပေါင်ပေါ် ခေါင်းအုံးလျှက်
အိပ်ပျော်နေတဲ့ သားကိုပဲ တစိမ့်စိမ့်ကြည့်လို့

သားကို ချစ်လို့ဆိုသည်လဲ မှန်ပေမဲ့
အပြင်ပတ်ဝန်းကျင်ကို စိတ်မဝင်စားသော
လစ်လျှုရှုမှုတစ်ခုလဲ အပါအဝင်ဖြစ်မည်ထင်

••...ခင်ဗျားပေါင်တွေ နာနေတော့မှာ
ကျွန်တော့်ကို ပေးပါ...••

သားကို ကြည့်ပြီး အပြုံးကြီးပြုံးနေသူဟာ
ကျွန်တော့်ကို ရပါတယ်ဟူသော
အဓိပ္ပါယ်မျိုးဖြင့် ပြုံးပြလာသည်

••...ဆေးရုံမှာ ခင်ဗျားပင်ပန်းလာခဲ့မှာကို...••

ပြောပြောဆိုဆိုဖြင့် လက်လှမ်းတော့လဲ
ကျွန်တော့်ကို ပြန်တားမြစ်လာတာကြောင့်
စိတ်ကအလိုမကျစွာ စူပုတ်လိုက်မိသလို

သားက ကျွန်တော့်သားလေ

သားနဲ့ပတ်သတ်ရင် သေးသေးလေးကအစ
ကျွန်တော် စိတ်ပုပ်တတ်တယ်ဆိုတာ
ခင်ဗျားသိအောင် ပြောပြထားရမယ်

ရုတ်တရက် မြင်ကွင်းထဲဝင်လာတဲ့
လွင့်ပျံနေသော ချယ်ရီပန်းတွေကြောင့်
နှုတ်ခမ်းတွေပင် ဆတ်ကနဲဟကာ
အသည်းအသန် လိုက်ငေးမိသလို

ပန်းပွင့်ကြွေတွေနဲ့ တောက်လျှောက်
ပြည့်နေမဲ့ လူသွားလမ်းဘေးတစ်နေရာအား
နှစ်သက်စွာ ငေးမောလိုက်ပြီးနောက်
အတွေးထဲ ဝင်လာသည်က သူ

သူ့ကို လှည့်ကြည့်လိုက်ပေမဲ့
သားရဲ့ပါးဖောင်းဖောင်းတွေနဲ့
လက်ချောင်းရှည်ရှည်တွေလောက်
ဘယ်အရာကမှ စိတ်ဝင်စားဖို့ မကောင်းဟန်

떠나지마(Don't Go)Where stories live. Discover now