Episode.28

723 113 26
                                    

{Zawgyi}

••...ငါ သိပါတယ် Lay ကို ငါ
တောင်းပန်သင့်တယ်ဆိုတာ...••

••...ဒီတိုင်း အခြေအနေတစ်ခုကို
ပြောပြရုံပါ Lay ရင်ထဲက ငါတို့နဲ့
ပတ်သတ်တဲ့ အစိုင်အခဲတစ်ခုကို
ဖြေပေးနိုင်ဖို့က မင်းလို့ ယူဆလို့လေ...••

••...သိပြီ တစ်ခေါက်လောက် တွေ့ပြီး
တောင်းပန်လိုက်မယ် ...••

••...အင်း !...••

••...ဒါနဲ့ မင်း Chanyeol ကို
တစ်ခေါက်လောက် လာတွေ့လိုက်ပါဦး
မဟုတ်လည်းပဲ မင်းကို သတိရနေတယ်
ထင်တယ် မလာတာလဲကြာပြီလေ...••

••...သိပြီ လာခဲ့ပါ့မယ် ငါ့ကို
အချိန်နည်းနည်းပေးပါ...••

••...မင်းကို ငါ နားလည်တယ်
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ပိုပြီး အလိုရှိတဲ့အခါ မင်းနှလုံးသားက
အထိုက်အလျှောက်တော့ နာကျင်ရလိမ့်မယ်...••

••...ငါ့ကို နားလည်ပေးလို့ ကျေးဇူးပါ...••

••...Kai Chanyeol ဆီလာတွေ့သွားတာ
မင်း သိပြီးသွားပြီလား ?...••

••...ဘယ်တုန်းကလဲ ? ငါ့ကို
ဘာမှ မပြောဘူးလေ...••

••...ငါလဲ မရှိဘူး Kai ပြောပြလို့
မင်း Chanyeol ကို ချစ်နေတယ်
ဆိုတာကိုပါ သိရတာ Kai က
Chanyeol ကို နည်းနည်း
လက်လွန်မိခဲ့တယ် ထင်တယ်...••

••...ဘာ ! ဘယ်လောက်တောင်လဲ...••

••...နှစ်ချက် သုံးချက်ပါ ဒါပေမဲ့
Chanyeol က လုံးဝ စိတ်မဆိုးပါဘူး
ဒီအတောအတွင်း ဘာမှ မသိရပဲ
မင်းကို ဝမ်းနည်းအောင်ပဲ လုပ်နေခဲ့မိလို့
အရမ်းအားနာတယ်တဲ့ Kai ကိုလဲ
အရမ်း အားနာမိတယ်တဲ့...••

••...ငါ တောင်းပန်ပါတယ် နည်းနည်းလောက်
ထပ်ပြီး ဟန်ဆောင်လိုက်ရင် ဘယ်သူမှ
မသိနိုင်တော့မဲ့ ကိစ္စကို အရူးလိုမျိုး...••

••...မင်းအပြစ်မဟုတ်ပါဘူး လူတစ်ယောက်ကို
ချစ်မိတဲ့အခါ အသက်ရှုသံကအစ
သတိထားနေမိတတ်တာ သဘာဝပဲ
မဟုတ်လား ? မင်းအမှားမဟုတ်ဘူး...••

떠나지마(Don't Go)Where stories live. Discover now