{Zawgyi}
••...လိုက်သွားလိုက်ပါ Hyung...••
တိုးညှင်းသည်ဖြစ်သော်လဲ
ပြတ်သားသည့်စကားမှာ
နှလုံးသားက အရှိန်ပြင်းပြင်း
အောက်ကို ပြုတ်ကျသွားသလို
နာကျင်မှုက ကျိန်းစပ်လို့.........••...ဘယ်လိုပဲဖြစ်ဖြစ် သူက
Hyungရဲ့ညီ မဟုတ်လား?
Hyung လုပ်ရပ်ကမှန်ပါတယ်
ကျွန်တော် ကိုယ့်ကိုယ်ကို
စောင့်ရှောက်နိုင်ပါတယ်...••••...ကိုယ် !...••
ကျိန်းသေ သူ့နောက်ကို
Hyung လိုက်သွားမယ်ဆိုတာ
သိရက်နဲ့ ထပ်ပြီး တိုက်တွန်းမိသည်က
hyung ကျွန်တော့်ကို
စိတ်ချစေချင်လို့ပါ......နှစ်ယောက် မျက်နှာချင်းဆိုင်
အနေအထားဖြင် မတ်တပ်ရပ်လိုက်ကြပြီး
သေချာ အကြည့်စုံစေကာ.........••...တစ်ခုတော့......မေးချင်တာ
ရှိတယ် hyung...••••...မေးလေ...••
••...ကျွန်တော့်ကို ချစ်လား ?...••
••...ဟင် !...••
ရုတ်တရက်မို့ ဘာပြောရမှန်း
မသိသည့်အပြင် ဒီမေးခွန်းကို
ထုတ်ဖော်လာလိမ့်မည်လို့လဲ
မထင်မှတ်ခဲ့မိ၍ ............ဘယ်လိုပြောခွင့်ရှိပါ့မလဲ ?
ဘယ်လောက်ထိ ချစ်ပါတယ်ဆိုတာကို
ဘယ်လိုလုပ် ဖော်ညွှန်းခွင့်
ရှိပါ့မလဲလေ.........••...နောက်ဆုံးမေးခွန်းပါ Hyung
ကျွန်တော့်မျက်လုံးကို ကြည့်ပြီး ဖြေ
ကျွန်တော့်ကို ချစ်လား ???...••မျက်ဝန်းချင်း စုံစေကာ
တိတိကျကျမေးလာသည်က
နောက်ဆုံး အခွင့်အရေးမို့
အရာအားလုံး ခေတ္တမေ့ဖျောက်၍
ရဲရဲဝံ့ဝံ့ ပြောရန် ပြင်သော်ငြားမှေးစင်းပြီး အပြစ်ကင်းတဲ့
မျက်ဝန်းလေးတွေ နီရဲနေတာကို
ကြည့်ရင်း ကိုယ့်မျက်ဝန်းတွေပါ
ဝေဝါးကုန်၍ မျက်စိကို
စုံမှိတ်ချကာ ခေါင်းကို
ဆတ်ကာ ဆတ်ကာ ငြိမ့်ရင်း
ခပ်တိုးတိုး ဝန်ခံမိပါသည်.........
YOU ARE READING
떠나지마(Don't Go)
FanfictionSky Of Silver Star ... အထီးကျန်မှုတွေဟာ အရာရာတိုင်းတော့မဟုတ်ဘူး... ဒါပေမဲ့ လူတိုင်းအတွက် အထီးကျန်မှုဆိုတာ တစ်မျိူးစီတော့ ရင်ဝယ်ပိုက်ထားကြရတယ်... အားငယ်တတ်တဲ့ အထီးကျန်မှု... မချင့်မရဲဖြစ်နေရတဲ့ အထီးကျန်မှု... မြိုသိပ်ထားရတဲ့ အထီးကျန်မှု... ပေးဆပ်ရုံ...