Episode.32

1.1K 115 23
                                    

{Zawgyi}

မျက်စိရှေ့မှာ မြင်နေရတဲ့ တုန်လှုပ်မှုတွေနဲ့
ကောင်လေးအား ရင်နာစွာ ကြည့်နေရုံကလွဲ
ဘာမျှ မတတ်စွမ်းနိုင်

မဟုတ်ဘူးလို့ ပြောလိုက်ပါ
မဟုတ်ဘူးဆိုပြီး ငြင်းလိုက်စမ်းပါလေ

မဟုတ်ရင်တောင် နောင်တတွေ သီနေတဲ့
ကိုယ့်ကို ထပ်ပြီး မရူးသွပ်စေပါနဲ့လား

လက်ချောင်းတွေကို ကုတ်ဖဲ့ယှက်နွယ်ကာ
စိတ်တည်ငြိမ်အောင် ထိန်းနေပုံရတဲ့
ကလေးဟာ ကိုယ့်ကို အတော်
စိတ်မကောင်း နာကျင်စေသည်

••...Baekhyun ah !!...••

••...ဟု ဟုတ်ပါတယ် သား သားက
Hyung ရဲ့ သားပါ...••

••...ဘယ်လိုဖြစ်လို့...••

စကားပင် အဆုံးထိ မထွက်နိုင်တော့ချေ

ဘာလို့များ ဒီလိုတွေ အပင်ပန်း
နာကျင်ခံ ဆင်းရဲခံခဲ့ရတာလဲကွာ

ကိုယ်က ဘာကောင်မို့လို့လဲ

ကိုယ်တောင် မသိထားတဲ့ သားတစ်ယောက်ကို
ကိုယ့်ဆီက စွန်ပစ်ခံလိုက်ရတဲ့ မင်းက
သားအရင်းလေးလို တယုတယ
ချစ်ပေးနေခဲ့တယ်တဲ့လား

မင်း ကိုယ့်ကို ရူးစေချင်တာလားလေ

••...ဘာလို့ ဘာလို့ လုပ်ခဲ့တာလဲ...••

••...ကျွန်တော်ဒီလိုလုပ်ခဲ့တာ hyung ကြောင့်
ဖြစ်ချင် ဖြစ်ခဲ့လိမ့်မယ် ဒါပေမဲ့ ကျွန်တော်
သားကို စွန့်ပစ်ခံရတဲ့ ခံစားမှုကို မခံစား
စေချင်လို့ လုပ်ခဲ့တာပါ သားက
သားက ကျွန်တော့်သားပါ hyung...••

••...ဟုတ်တယ် သားက Baekhyun သားပါ
ကိုယ့်မှာ ဘာအခွင့်မှ မရှိပါဘူး
ကိုယ် ဒါကို ကောင်းကောင်းသိပါတယ်...••

••...hyung ကျွန်တော့်လက်ထဲကနေ
သားကိုတော့ မလုဘူးမလားဟင်
သားကို ကျွန်တော့်သားဖြစ်ခွင့်ပေးပါနော်...••

ကိုယ်လိုလူကိုမှ တောင်းပန်နေခဲ့ရသလား
ကိုယ်က ဘာအခွင့်တွေနဲ့ မင်းဆီကနေ
သားကို လုယူရဲမတဲ့လဲ ကလေးရယ်

떠나지마(Don't Go)Where stories live. Discover now