Episode.23

756 114 6
                                    

{Zawgyi}

ဖခင်တစ်ယောက်ရဲ့ တာဝန်ကို
ကျေပွန်ဖို့အတွက် ကျွန်တော် ဒီအလုပ်ကို
လက်ခံသင့်သည်လား ?

သားရဲ့ ရှေ့ရေးအတွက် မျက်စိမှိတ်ပြီး
လုပ်လိုက်ရမည်လား ?

သားကို ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ
ကျွန်တော် ထားချင်ပါသည်

သားကို ဒီထက်ပိုပြီး
အများကြီး ဖြည့်ဆည်းပေးချင်သည်

ကျောထောက်နောက်ခံ မရှိတဲ့
ကျွန်တော့်အတွက် သားကို
ပြည့်ပြည့်စုံစုံ ထားနိုင်ဖို့
ပင်ပန်းခက်ခဲလွန်းတဲ့ အချိန်တွေ
ရှိခဲ့သော်ငြား ကျွန်တော် တစ်ခါမှ
မျှော်လင့်ချက် မမဲ့ခဲ့ဖူးပါ

ဒါပေမဲ့ သားက မျက်စိအောက်တင်
အရွယ်ရောက်လာပြီ
သားကို ကလေးသေးသေးလေးလို
ဖြည့်ဆည်းပေးရမည်ထက်
လိုအပ်သော အရာတွေရှိလာပြီ

ကျွန်တော့်ရဲ့ ဆရာဝန်လစာဟာ
အူလ်ဆန်မှာ နေတုန်းက လစာထက်
များလာတယ်ဆိုပေမဲ့လဲ
Seoul ရဲ့ နေစားရိတ် စားစရိတ်နဲ့ဆိုရင်
ဘာမှ မထူးဘူးလို့တောင်ပြောလို့ရသည်

သားကို ကျွန်တော် ပြည့်စုံအောင်
ထားနိုင်ပေမဲ့ ပို၍ လောဘကြီးမိသည်မှာအမှန်

ကျွန်တော်သာ လူမှုရေးနဲ့ အလုပ်ကို
ခွဲခြားပြီး အာရုံစိုက်နိုင်မယ်ဆိုရင်
ကျွန်တော်ရမဲ့ လစာသည်
ယခုလစာရဲ့ ငါးဆ

ကျွန်တော် ထိုငွေကို မမက်မောပါဟု
မငြင်းနိုင်ပါလေ
ကျွန်တော့် အင်အားနဲ့ရှာရမဲ့ ငွေတွေလေ

ကိုယ့်စိတ်ဒဏ်ရာတွေထက်
သားက ပိုအရေးကြီးသည်မဟုတ်ပါလား

ကျွန်တော် သားအတွက် ရာနှုန်းပြည့်
စဉ်းစားသင့်သည်
ကျွန်တော် ဆယ်ကျော်သက်
ကောင်လေးတစ်ယောက် မဟုတ်တော့တာမို့
ဒီလိုအရာတွေဟာ ဆတ်ဆတ်ခါ
နာကျင်နေဖို့ မလိုအပ်တော့ပါဘူး

떠나지마(Don't Go)Where stories live. Discover now