Episode.27

771 106 13
                                    

{Zawgyi}


••...စီနီယာ !!...••

••...အော ! Baekhyun ...••

••...မနက်စာ စားခဲ့ပြီးပြီလား...••

••...စားပြီးပါပြီ မင်းရော...••

••...ဟုတ် ပြီးခဲ့ပြီ...••

••...Chanyeol ရဲ့ တာဝန်ခံဆရာဝန်
လုပ်ပေးနေတယ်ဆို ? အဆင်ပြေရဲ့လား...••

••...ဟုတ် ပြေပါတယ် အခုလဲ ကျွန်တော်
သူ့ရဲ့ ဆေးစစ်ချက်တွေ လာယူတာ...••

••...ဘယ်လိုပဲဖြစ်ဖြစ် ဆေးရုံမှာ လှည့်ပတ်ပြေးပြီး
ပင်ပင်ပန်းပန်း လုပ်ရတာထက်စာရင်
ဒီလို အင်အားကြီးလူကုံထံတွေရဲ့
တာဝန်ခံ ဆရာဝန်လုပ်ရတာပိုပြီး
အဆင်ပြေပါတယ် အဆင်ပြေအောင်နေ...••

••...ကျွန်တော် ဆေးရုံမှာလဲ အလုပ်ဆင်းမှာပါ...••

••...ဟင် !...••

••...အခုရက်ပိုင်းလေးမှာ သေချာလေ့လာ
ကြည့်ပြီးတော့ လူနာအတွက် ဘယ်လို
လုပ်ပေးဖို့ လိုတယ်ဆိုတာတွေရယ်
သူ့ရဲ့ အခြေအနေရယ်ကို ကျွန်တော်
သေချာ စိစစ်ပြီးပါပြီ တာဝန်ခံ
ဆရာဝန်ဆိုတိုင်းလဲ သူ့ကို 24 နာရီ
စောင့်ကြည့်ပေးစရာမှ မလိုပဲလေ
မနက်ပိုင်းတစ်ချိန်ကို ဆေးရုံလာပြီး
ညနေပိုင်း ခပ်စောစောမှာ သူ့ဆီပုံမှန်
သွားပေးရင် ရပါပြီ...••

••...ပုံမှန်ဆို အဲ့လိုလုပ်တာ မှန်ပေမဲ့
မင်းကို ဆေးရုံကနေ တရားဝင်ခွင့်ပြုချက်နဲ့
24 နာရီ ခေါ်ထားတာလေ...••

떠나지마(Don't Go)Where stories live. Discover now