Episode.24

759 109 10
                                    

{ Zawgyi }

ခြောက်သွေ့မှုတွေချည်း ပြည့်နှက်နေတဲ့
အခန်းကျယ်ထဲကို နောက်တစ်ဖန်
ခြေချလာလေလိမ့်မည်ဟု မတွေးခဲ့ဖူး

တိတ်ဆိတ်မှုတွေချည်း စိုးမိုးနေတဲ့
အခန်းကျယ်ထဲကို နောက်တစ်ဖန်
ရောက်ချလာလိမ့်မည်ဟု မတွေးခဲ့ဖူး

လောကဓံမုန်တိုင်းနဲ့ ကြမ္မာရိုင်းတွေက
ကိုယ့်ကို နောက်တစ်ဖန် ပြစ်ဒဏ်ခတ်ဖို့များ
ပြန်လည်ပတ်လာတာများလား ?

ဒါမှမဟုတ် ကိုယ့်ကို ကောင်းမွန်သော
ကြမ္မာတစ်ခုများ ပို့လေသလား ?

ဒါပေမဲ့ ကိုယ် မတွေးပစ်လိုက်ရဲပါဘူး

အယူသီးရာရောက်တဲ့ အတွေးတွေက
စိတ်ချမ်းသာခွင့် မပေးဘူးဆိုတဲ့အတိုင်း
ကိုယ် ဘာကိုမှ မမျှော်ဝံ့ဘူး

ညင်သာတဲ့ တံခါးခေါက်သံဟာ
မင်း ဖြစ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး

တိုးတိတ်တဲ့ အသက်ရှုသံတွေဟာ
မင်း ဖြစ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး

ဒီလိုမျိုး ကိုယ့်ရဲ့ ရှေ့မှာ အမှန်တကယ်ပဲ
မင်း ရောက်နေလိမ့်မယ်လို့
ဒီနှစ်တွေမှာ ကိုယ် အိပ်မက်ထဲတောင်
မက်ခွင့် မရခဲ့ဘူး Hyun

ကိုယ့်ရဲ့ အံ့သြမှုကို ကြိုတင်ယူဆထားပုံရတဲ့
Hyun ဟာ ခပ်တိုးတိုးဆိုလာသည်

••...အရင်ဆုံး ကျွန်တော့်ကို ဝင်ခွင့်ပေးမလား...••

ထိုတော့မှ အသိစိတ်က လူကို
လှုပ်နှိုးလိုက်သလို ဖြစ်ပြီး
ခေါင်းကို အသာညိတ်ကာ ဖယ်ပေးလိုက်တော့
ညင်သာစွာ ဝင်လာခဲ့သည်

ကိုယ့်အခန်းထဲကို Hyun က ဝင်လာတယ်တဲ့

떠나지마(Don't Go)Where stories live. Discover now