Episode.16

1K 124 14
                                    

{Zawgyi}

ဆေးရုံအုပ်ကြီး ရုံးခန်းထဲကနေ
မသင့်တော်တဲ့ အပြုအမူတွေနဲ့
အိနြေ္ဒမဆည်နိုင်အောင်
ကျွန်တော် ဘာလို့ ထွက်ပြေးခဲ့ရတာလဲ ?

ဘာလို့ ကျွန်တော် အမြဲတမ်း
ထွက်ပြေးဖို့အပြင် မစဉ်းစားတတ်ရတာလဲ ?

ဒါမှမဟုတ် ကျွန်တော့်ကို
ထွက်ပြေးဖို့က လွဲပြီး
ဘာအခြေအနေမှ မပေးလို့လား ?

••...Baekhyun Baekhyun !...••

ဟင့်အင်း ! ကျွန်တော့်ကို မဆွဲထားပါနဲ့
ကျွန်တော့်ကို မရပ်တန့်ခိုင်းပါနဲ့...

သို့သော် လျှင်မြန်သွက်လက်တဲ့
အရှိန်နှုန်းနဲ့ မှီလာကာ
ကျွန်တော့်လက်ကို ဆွဲ၍
ရှေ့ဆက်မရအောင် ရပ်တန့်စေခဲ့ပြန်သည်...

••...Baekhyun ခဏလေးပါ...••

••...လွှတ်ပါ...••

••...ခဏလေး ! Baekhyun
စိတ်ငြိမ်ငြိမ်ထားစမ်းပါ...••

••............••

••...ကိုယ်တို့ စကားပြောရအောင်နော်...••

••...ကျွန်တော့်မှာ ဒီနေ့မှ စတွေ့ဖူးတဲ့သူနဲ့
ဘာစကားမှ ပြောစရာမရှိပါဘူး စီနီယာ...••

••...ဒါဆို ဘာလို့ ဒီလောက်
အသည်းအသန် ထွက်ပြေးနေတာလဲ...••

••...ထားတော့ ကိုယ်တို့ အခုစကား
ပြောသင့်တယ်လို့ ကိုယ်ထင်တယ်
မတွေ့ရတာ ဘယ်နှစ်နှစ်ရှိနေပြီလဲ ?...••

••...ကျွန်တော့်ဘဝမှာ နှစ်ကြိမ် သုံးကြိမ်
လောက်ပဲ တွေ့ဆုံဖူးတဲ့သူနဲ့
မတွေ့ရတာကြာပြီဆိုတဲ့ အခြေအနေမျိုး
မရှိပါဘူး...ကျွန်တော် လူပေါင်းများစွာနဲ့
တွေ့ဆုံးနေရတာမို့ပါ...••

••...Baekhyun !...••

••...ရှေ့လျှောက် ကျွန်တော့်ကို ဂျုနီယာ
တစ်ယောက်အဖြစ် ပိုမမြင်ပဲ
ဆက်ဆံပေးရင် ကောင်ူမှာပါ
သွားလိုက်ပါဦးမယ် စီနီယာ...••

••...Baekhyun ! Baekhyun
ကျစ် !! ဟာကွာ !...••

ခေါင်းညွှတ်နှုတ်ဆက်ကာ
လှည့်ထွက်သွားပြီဖြစ်သော
Baekhyun အား လိုက်မခေါ်ဖြစ်တော့ပဲ
Kai ကို ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်သည်......

떠나지마(Don't Go)Tempat cerita menjadi hidup. Temukan sekarang