Episode.25

907 131 7
                                    

{ Zawgyi }

••...Chanyeol ဆီ မသွားဘူးလား ဒီနေ့...••

••...အင်း ! ...••

••...ဘာဖြစ်လို့လဲ...••

စေ့စေ့ပေါက်ပေါက် လိုက်မေးတော့မှ
ဖုန်းကနေ မျက်လုံးခွာကာ မော့ကြည့်လာသည်

••...ဒီတိုင်း အိမ်မှာ နေချင်လို့...••

••...ဘာလဲ ? Baekhyun
တာဝန်ယူလိုက်ပြီဆိုတာနဲ့ မသွားပဲ
နေတော့မလို့လား Sehun ?...••

••...မဆိုင်တာတွေ မပြောနဲ့ Kai...••

္န္တွဒီအကြောင်းကို ပြောလိုက်တာနဲ့
မင်းက မျက်နှာပျက်နေကြပဲ

••...မင်း နေနိုင်လို့လား ?...••

••...တစ်ရက်တစ်လေလေး ကိုယ်
သွားမကြည့်တာ မင်း အဲ့လောက်
ကိုယ့်ကို ရန်ရှာစရာလိုလား ?
Kai ! မင်း ဘာဖြစ်နေလဲ
ကိုယ့်ကို မမြင်ချင်ဘူးလား ?...••

••...မင်းမြင်ချင်တဲ့သူကို သွားမတွေ့ဘူးလား
မေးတာလေ အဲ့ဒါကို ဘာလို့
ဒီလောက် over thinking ဖြစ်နေလဲ...••

••...ကိုယ့်ကို ရိနေတာ တော်လိုက်တော့...••

တွေ့လား ? အဲ့ဒါနဲ့ ပတ်သတ်ရင်
မင်းက အမြဲတမ်း အထိကိုမခံဘူး

••...မရိပါဘူး အမှန်ကိုပြောနေတာ
မင်း Chanyeol ကို ဒီလောက်
ကြိုက်နေတာ ဘာလို့ ဖွင့်မပြောပဲ
နှစ်တွေ အကြာကြီးဖုံးကွယ်ထားတာလဲ...••

အမှန်တရားကို ထိုးဆွကာ ပြောလိုက်တော့
မျက်လုံးတွေပါ နီရဲတက်လာကာ
ဒေါသတွေ ထွက်လာပုံရသည်

떠나지마(Don't Go)Where stories live. Discover now