Episode.11

1K 134 6
                                    

{Zawgyi}

အခန်းဝကိုရောက်တော့
ဆူညံသံတွေရယ်..

ရိသဲ့သဲ့စကားသံတွေကို
မကြားချင်တော့၍ခြေဦးပြန်အလှည့်မှာ..
စိတ်ညစ်စရာကောင်းအောင်
သူမနှင့်ထိပ်တိုက်တိုးလေတော့သည်....

••...ကျစ်...!!..••

••...hkk.!! .အခုရွှေမင်းသား
ဖြစ်သွားပြီဆိုတော့
အတန်းကိုတောင်
မှန်မှန်မတက်ချင်တော့ဘူးပေါ့...••

••...ဖယ်...••

••...လမ်းကျဉ်းလို့လား...••

••...နင့်ကိုရှောင်မသွားချင်လို့...••

••...ဟားဟား ! ..သိပ်ရယ်ရတာပဲ
ဟာသပဲ! ! ..ဒီတော့ ငါက
ဖယ်ပေးရမယ်ပေါ့ ဆုတောင်းလေ
နင့်ကိုယ်နင် Sky ဖြစ်သွားပြီဆိုပြီး
မာန်မတက်သွားနဲ့လေ
အချိန်တန်ရင် နင်ကဖယ်ပေးရမယ့်သူ
Star အကြောင်းကို ဒီလောကမှာ
ငါ့ထက်ပိုပြီး သိနိုင်မယ့်သူရှိသေးလို့လား..
သူငါ့ကိုပဲလက်ခံရမှာ မဖြစ်မနေ...••

သူမနဲ့ စကားခွန်းတုံ့ပြန် မပြောချင်တာမို့
ပြန်သာ ကြည့်နေတော့ သူမကလဲ
မထီသလို ပြန်ကြည့်နေသည်မှာ
ရုတ်တရက် အကြည့်စစ်ပွဲတွေ
ဖြစ်ကုန်သလို......

ထိုစဉ် ဖုန်းမြည်လာ၍
ထုတ်ကာကြည့်တော့
hyung ဖြစ်နေသည်...
ကိုင်မလို့ စဉ်းစားပေမဲ့ သူမရှေ့တွင်
ဒီလိုတော့ မလုပ်သင့်ဟူသော
အတွေးက ............
ကျွန်တော့်ထက် သူမက
hyung ကို ပိုင်ဆိုင်ရမဲ့သူဆိုတာ
ရင်နာလဲ အမှန်တရားပင်မဟုတ်လား ?

ဖုန်းကို ပြန်ထည့်ရန် လုပ်သော်လဲ
ဆတ်ကနဲ လက်ထဲက ဖုန်းကို
လုသွားသော သူမကြောင့်
စိတ်က အနည်းငယ် တိုလာမိသည်...

••...ဘာလုပ်တာလဲ ပြန်ပေး...••

••...Chanyeol ?
နင်က သူ့ကို သိနေတယ် ?...••

Contact name ကိုကြည့်ပြီး
မအူမလည် မေးခွန်းထုတ်လာတဲ့
သူမပုံစံက အနည်းငယ် ထူးဆန်းသည်...

ဘာစကားတွေ ရေရွတ်နေတာပါလဲ ?

ရုတ်တရက် ခေါင်းများ ထိသွားတာလား ?

떠나지마(Don't Go)Where stories live. Discover now