Episode.34

140 16 2
                                    


ဘဝတစ်ခု တည်ဆောက်ဖို့အတွက် ထိုမျှလောက်
ပင်ပန်းခက်ခဲနေရမည်ဟု ငယ်စဉ်ဘဝတုန်းက
သိခဲ့ရမည်ဆိုလျှင် ကြီးပြင်းလာခဲ့ဖို့ ဆုတောင်းခဲ့လိမ့်မည်မဟုတ်ပေ

သူများတွေအတွက် မပင်ပန်း မခက်ခဲစွာ ရနိုင်သည့်
ဘဝတစ်ခုကို ကျွန်တော့်ကျမှ အဘယ်ကြောင့်
အလှမ်းဝေးလွန်းလှသည့် ကြယ်ကဲ့သို့ ဖြစ်နေရသနည်း

သားကို ကျွန်တော့်လို မိဘမဲ့မဖြစ်စေချင်သော
အတ္တလေးတစ်ခုသာလျှင် ကျွန်တော့်မှာ ရှိပါသည်

သားကို ကျွန်တော့်ထံမှ အဝေးသို့ မပို့လိုက်ချင်သော
မိဘတို့၏ ထုံးစံအတိုင်းသာ ကျွန်တော်ဆန္ဒရှိပါသည်

တစ်ခုတည်းသော ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုလေးကိုမှ
ထိပါးချင်နေသော သူမအား ဘယ်လိုအပြစ်တင်မှုမျိုးနှင့်
ပြောဆိုရမည်တောင် မစဉ်းစားနိုင်လောက်အောင်
စိတ်တို့က အလျှင်လိုစွာ လီဗာအား ပြင်းပြင်းနင်းနေသော်လည်း နှေးလွန်းနေသည်ထင်

••... အစ်ကို မြန်မြန်လာခဲ့ပေးပါ ...••

Yoo Hanji အိမ်ရှေ့အရောက် ဖွင့်ပေးလိုဟန်မတူသည့်
ခြံတံခါးအား ချိုးဖျက်လိုက်ချင်စိတ်တွေဟာ
ကျွန်တော်နှင့်မတူအောင်ပင် ရိုင်းပျနေမိပြီ

••... Yoo Hanji တံခါးလာဖွင့် Yoo Hanji သားကို
ပြန်ပေးပါ Yoo Hanji ...••

ခြံတံခါးဝဆီက လွင့်ပျံလာတဲ့ ဖခင်ရဲ့အသံကို
ကြားလိုက်ရဟန်တူသည့် Eun လေးခမျာ ခေါင်းလေး
ဆတ်ကနဲ ထောင်မတ်လာကာ သည်းခံထားရသော
မျက်ရည်တွေပါ ခဏတွင်း စို့တက်လာသည်ကို
နှစ်ခြိုက်သည့် အပြုံးတစ်ခုဖြင့် သားအား
ပြန်ဆွဲထားလိုက်ရင်း

••... ဘယ်လဲ သားရဲ့ သားက အမေပြောတာကို
သေချာ သဘောမပေါက်သေးဘူးလားဟင် ...••

အဆွဲထားခံရထားသည်မှ လွတ်မြောက်လိုငြား
ရုန်းကန်ရင်း မျက်ရည်ပေါက်ကြီးငယ် ဖြိုင်ဖြိုင်ဆင်းလာသည်မှာ တကယ့်ကို မွေးစားအဖေတူပင်

You've reached the end of published parts.

⏰ Last updated: May 24 ⏰

Add this story to your Library to get notified about new parts!

떠나지마(Don't Go)Where stories live. Discover now