Episode.13

1.1K 121 9
                                    

{Zawgyi}

••...SKY !...••

••............••

••...Baek !...••

နောက်မှ ခေါ်နေသော အသံကို
လစ်လျှုရှုကာ မြန်နိုင်သလောက်
ခြေလှမ်းကြဲသော်ငြား
အမှီလိုက်လာကာ လက်ကောက်ဝတ်ကို
ဖမ်းဆွဲကာ ရပ်တန့်စေသော Silver...

••...လိုက်ပို့ပေးမယ်...••

••...ဦးလေးကြီး ပါလာတယ်...••

••...coffee သောက်ရအောင် လာ !...••

ကော်ဖီသောက်ရအောင် ဆိုပြီး
ဆွဲခေါ်သွားသည့်နောက်
ငြင်းဆန်၍ မရစွာ ပါသွားခဲ့သည်...
နားမလည်နိုင်သေးသော အရာကိုလဲ
သိချင်နေသေးတာကြောင့် ......

••...miyanae !...••

••...ဘာကိုလဲ ?...••

••...ဒီတိုင်း အားလုံး...••

••...တကယ့်ကို အမှားလုပ်ခဲ့ကြတာပဲ...••

••...Star မင်းကို စောင့်ရှောက်
ခဲ့တာတွေက စိတ်ရင်းတွေချည်းပါပဲ
အားလုံး အစစ်အမှန်တွေပါ...••

••...ဘာက အတုလဲ ?...••

••...ဘယ်လို ?...••

••...အတုဖြစ်နေခဲ့တာက ဘာလဲ ?
ကျွန်တော့်အပေါ် ဘာလို့
ဒီလိုတွေ ဖန်တီးခဲ့ကြတာလဲ ?...••

••...အတုဆိုတာမျိုး မရှိခဲ့ဘူး
Baek အားလုံးက
အစစ်အမှန်တွေချည်းပဲ...••

••...Sanyeol က Chanyeol
ဖြစ်နေခဲ့တာက အတုမဟုတ်ဘူးပေါ့...••

••...Baek !...••

••...Star hyung က ဘာလို့
ကျွန်တော့်ဆီကို လာလို့
မဖြစ်တာလဲ ? ဘာကြောင့်လဲ ?...••

••...Chanyeol က အရင်ဆုံး
မင်းကို ချစ်ခဲ့တာမို့ !...••

••...ဘာရယ် ??...••

ခေါင်းတွေတောင်
ချာချာလည်သွားရသည့်အဖြစ်...

ကျွန်တော် သိတဲ့ ကျွန်တော်ချစ်တဲ့သူက
ကျွန်တော့်ကို အရင်တွေ့ခဲ့တာ
မဟုတ်လို့ ကျွန်တော့်ကို
ရွေးချယ်ခွင့် မရှိခဲ့ဘူးတဲ့လား ...

떠나지마(Don't Go)Where stories live. Discover now