Episode.19

1.2K 135 12
                                    

{Zawgyi}

••...Hy Hyung ...••

Hyung တဲ့......
ပိုင်ဆိုင်ခွင့် မရှိသလို မျှော်လင့်တာမျိုးလဲ
မရှိပါပဲနဲ့ ဒီတစ်ခွန်းလေးမှာတင်
ခန္ဓာကိုယ်က အားအင်တွေ
အကုန် စုပ်ယူခံလိုက်ရသလို......

တကယ့်ကိုပါပဲ.........
ကိုယ်နဲ့ မသက်ဆိုင်တဲ့ မင်းရဲ့
နှုတ်ဖျားမှာတောင် နှုတ်ခွန်းဆက်တာ
ကိုယ့်ကို မဟုတ်ခဲ့ဘူး.........

နာကျင်မှုနဲ့ အသားကျပြီးသား
သူတစ်ယောက် ဖြစ်ပါလျှက်နဲ့
မင်းနဲ့ ပတ်သတ်လာရင်
ရင်မဆိုင်ရရင်တောင် နာကျင်နေရစမြဲ......

ကိုယ် Sanyeol မဟုတ်ကြောင်း
မင်းရဲ့ Hyung မဟုတ်ကြောင်း
ပြောပြချင်လိုက်တာလေ......

Chanyeol ဟာ ကိုယ်ပါ...ဆိုတာကို
မင်းကိုယ်တိုင် အသိအမှတ်ပြုပေးတာ
လိုချင်လိုက်တာ...တစ်ခါလောက်ပါပဲ...
တစ်ခါလောက်ပဲ ကိုယ့်ကို
အသိအမှတ်ပြုပေးရင်ကောင်းမှာ......

ပို၍ ဖြူလာသော အသားအရေ...
ပို၍ ပိန်ကျလာသော မျက်နှာ...
ပို၍ ရင့်ကျက်လာဟန်ရှိသော အသွင်အပြင်...

မတွေ့ရတာ လွန်စွာမှ ကြာနေပါသော
Hyung ကို နာမည်လေးခေါ်ဖို့တောင်
တုန်လှုပ်မှု ရင်တုန်မှု စိုးထိတ်မှုများစွာနဲ့ပါ...

ကျွန်တော် Hyung ကို
ရင်မဆိုင်နိုင်သေးဘူးပဲ......
ကျွန်တော့်ကမ္ဘာမှာ Hyung ရှိနေတုန်းပဲ......

Hyung သည်လည်းပဲ အရမ်း
အံ့သြနေ၍လားမသိ ...
ကျွန်တော့်ကို ညှိုးနွမ်းတဲ့
မျက်ဝန်းတွေနဲ့ ကြည့်နေပြီး
မည်သို့သော စကားကိုမျှ မဆိုချေ......

ဒီနေရာမှာ ဒီလိုပြန်တွေ့ဖို့
မျှော်လင့်မထားဘူးထင်သည်......

••...Appa !!...••

••...အင် ! အင်း !...••

သားက Hyung လက်ကို
ဆွဲထားသည်ကနေ နောက်တစ်ဖက်ဖြင့်
ကျွန်တော့်လက်ကို လာကိုင်ကာ
သတိပေးတော့မှ သားရှိနေတာကို
သတိရပြီး သားမရိပ်မိအောင်
ထပ်၍ နှုတ်ဆက်ရတော့သည်.........

떠나지마(Don't Go)Where stories live. Discover now