Episode.15

1K 140 13
                                    

{Zawgyi}

••...knock ! knock !...••

••...Omm !...••

အသံပြုလိုက်တော့မှ 'ချပ်'ဆို
တံခါးပွင့်လာကာ...
အခန်းထဲ ဝင်လာသည့်
ခြေဖဝါး သေးသေးလေး တစ်စုံ......

လူကို ကြည့်လိုက်တော့
ခေါင်းမှာ Shampoo အစအနတွေနဲ့......

••...Appa ! Eunလေး အခန်းထဲက
ရေပိုက်က ပျက်သွားပြန်ပြီ...••

••...ဒါဆို Appa အခန်းထဲ သွားလေ
Eunလေး အခန်းထဲ Appa
သွားကြည့်ပေးမယ်နော်...••

••...nae Appa...••

အခန်းထဲမှ အမြန်ထွက်ကာ
သားအခန်းထဲ သွားကြည့်ပြီး
ပြင်စရာရှိတာပြင်ပြီးတော့
အခန်းထဲ ပြန်ရောက်လာသည်......

••...Appa ! ပြီးသွားပြီလား ?...••

••...ပြီးပြီ...••

••...ကျေးဇူးပါ Appa...နောက်ဆို
Eunလေးကို ဘယ်လိုပြင်ရမယ်ဆိုတာ
သင်ပေးနော် ဒါဆို Appa
မပင်ပန်းတော့ဘူး...••

••...ဟား ! ဟား ! ဟုတ်ပါပြီဗျာ
ဒါဆို အင်္ကျီလဲမယ်နော်...••

••...Eunလေး ဘာသာ လဲပါ့မယ်...••

••...aaiigoo လိမ်မာလိုက်တဲ့
Appa သားလေး...ဒါဆို
ကျောင်းအင်္ကျီမြန်မြန်လဲပြီး
ထွက်လာနော်...Appa
မနက်စာ ပြင်ထားမယ်...••

••...nae...••

သန့်ရှင်းသပ်ရပ်နေသော သားအခန်းငယ်ကို
ကြည့်ရင်း ကြည်နူးမှုတို့ဖြင့်
ပြုံးရပြန်သည်...သားက အရွယ်နဲ့
မလိုက်အောင် ရင့်ကျက်သည်......

ကြွယ်ဝမှုတို့နဲ့ မထားနိုင်သော်ငြား
ပြည့်စုံမှုတို့နဲ့ ထားနိုင်အောင်
ကြိုးစားနေတဲ့ ဖခင်အပေါ်
လွန်စွာ သိတတ်လွန်းသော သား......

••...ဒီနေ့တော့ ဒါပဲ စားပြီး
သွားရအောင်နော် ညနေကျမှ
Appa ဈေးသွားပြီး သားလေး
စားချင်တာ ချက်ကျွေးမယ်နော်...••

••...Eunလေးက Appa ချက်ကျွေးတာ
မှန်သမျှ စားချင်တာမို့ ဒါလဲ
စားလို့ကောင်းပါတယ် Appa...••

떠나지마(Don't Go)Where stories live. Discover now