{Zawgyi}
ကိုယ်က မထိုက်တန်တဲ့အခါ
နောက်ဆုတ်ပေးသင့်မှန်း သိလာတယ်ကိုယ်က မဖြစ်နိုင်တဲ့အခါ
ဖြစ်နိုင်တာလေးကို ရယူပေးချင်လာတယ်နှစ်ရှည်လများ စွဲမြဲလာခဲ့တဲ့
အတွေးစိတ်ထဲက အရိပ်တွေဟာ
လွယ်လင့်တကူ ဖျောက်ဖျက်မရပြန်ဘူး...မေ့ပစ်ဖို့ ကြိုးစားတဲ့အခါ နာကျင်ရတဲ့
နာကျင်မှုက မေ့ပစ်ဖို့အတွက်
သတ္တိမရဲစေဘူး...
ကိုယ် မင်းနဲ့ ထိပ်တိုက်ဆုံတာ
နှစ်ခါအပြင်မပိုပေမဲ့ ကိုယ်မင်းကို
ရင်ထဲမှာ ထားခဲ့တာ နှစ်ရှည်လများလေ...ကိုယ့်ဘဝရဲ့မျှော်လင့်ချက်တွေက
ဆပ်ပြာပူဖောင်းလိုပဲ
မျှော်လင့်ချက်နည်းပါးလွန်းတယ်...••...Chanyeol ! ဘာလုပ်နေတာလဲ...••
အခန်းဝမှာ မတ်တပ်ရပ်နေရာမှ
နှုတ်ဆက်လာသော Sehun ...* ...ဘာမှ မလုပ်ပါဘူး လာလေ...*
••...နေလို့ကောင်းရဲ့လား Chanyeol...••
*...ကောင်းပါတယ် မင်း ဆေးရုံက
ပြန်လာတာလား ?...*••...အင်း ! မင်းကို စိတ်ပူလို့လေ
ခန္ဓာကိုယ်ကဘယ်လိုနေသေးလဲ...••*...ဘာမှမဖြစ်တော့ဘူး...*
••...ငါ မင်းအတွက် ဆေးတွေလဲ
ထပ်ယူလာတာ...••ပြောပြောဆိုဆို ဆေးတွေထားတဲ့
နေရာဆီ သွားကာ ဆေးတွေဖြည့်
Date တွေစစ်နဲ့ လုပ်နေရာမှ
ဆေးဘူးကိုကိုင်ကာ လှည့်ကြည့်လာတဲ့
Sehun မျက်နှာဟာ အလိုမကျမှုတွေ...••...ဒါ ဘာတွေလဲ Chanyeol...••
သိနေတဲ့ အဖြေတစ်ခုကို မေးခွန်းထုတ်လာတဲ့
Sehun ဟာ သိသိသာသာ စိတ်ဆိုးနေပြီ...
YOU ARE READING
떠나지마(Don't Go)
FanfictionSky Of Silver Star ... အထီးကျန်မှုတွေဟာ အရာရာတိုင်းတော့မဟုတ်ဘူး... ဒါပေမဲ့ လူတိုင်းအတွက် အထီးကျန်မှုဆိုတာ တစ်မျိူးစီတော့ ရင်ဝယ်ပိုက်ထားကြရတယ်... အားငယ်တတ်တဲ့ အထီးကျန်မှု... မချင့်မရဲဖြစ်နေရတဲ့ အထီးကျန်မှု... မြိုသိပ်ထားရတဲ့ အထီးကျန်မှု... ပေးဆပ်ရုံ...