Episode.12

1K 127 8
                                    

{Zawgyi}

တိတ်ဆိတ်သွားသော အနေအထားတွင်
မြန်ဆန်နေသော အသက်ရှုသံကလွဲ၍

လည်ချောင်းထက် အကောင်အထည်မရှိ
တစ်စို့နေတာကို တစ်ချက်မြိုချလိုက်ပြီး...

••...ဘာတွေလဲ ?...••

တိတ်ဆိတ်နေမြဲ.........
ထိုအရာအတွက် အဖြေကို
ပြင်ဆင်ထားဟန်မတူ.........

••...အခု ကျွန်တော်မြင်နေတာတွေက
ဘာတွေလဲ ?...••

တိတ်ဆိတ်ဆဲ...
ကျွန်တော် အခု ဒါကို ကျိန်းသေ
သိရမှ ဖြစ်မယ်လေ...

အခန်းဝမှာ ရှိနေတဲ့
ကျွန်တော် ရင်းနှီးနေပြီးသားဖြစ်တဲ့
ဟန်ပန်နဲ့ သူအား ကျွန်တော်
မေးခွန်းထုတ်လိုက်မိသည်...

••...ဖြေလေ ဒါ ဘာတွေလဲလို့...••

••...ကလေး !...••

••...သူက ...ဘယ်...သူ...လဲ ?...••

ကျွန်တော့်ရဲ့ တုန်ရီနေသော
လက်ညှိုး ညွှန်ရာက
အိမ်ခန်းထဲမှာ ရှိနေခဲ့တဲ့ သူ့ဆီသို့...

••...ကလေး ကိုယ် !...••

••...ဟင့်အင်း ! ရှေ့တိုးမလာနဲ့
ကျွန်တော် မေးတာပဲဖြေ
သူက ဘယ်သူလဲ ?
Hyung ကရော ဘယ်သူလဲ ?...••

နာကျင်စွာ မျက်ရည်တို့ ကျဆင်စလာတဲ့
Hyung မျက်ဝန်းတွေနဲ့ထပ်တူ
ကျွန်တော့် နှလုံးသားလဲ
အောင့်သက်စွာ ငိုကြွေးနေရတာ...

••...သူက ကိုယ့်ရဲ့ အမွှာ ညီလေး
Park Chanyeol...ပါ...••

••...ဘာ ရယ် ?...••

တိုးညှင်းစွာ ထွက်ကျလာသော
အာမေဍိတ်သည် နှလုံးသားတစ်ခုလုံး
လောင်မြိုက်စေရန် အလို့ငှာ
မီးစာအဖြစ် လောင်ကျွမ်းစေသည်...

ကျွန်တော် တစ်ချိန်လုံး
သိထားခဲ့တဲ့ Park Chanyeol က နောက်ဆုံး
Park Chanyeol မဟုတ်ခဲ့ဘူးတဲ့လား ?

••...ဒါဆို Hyu ...arni ခင်ဗျားကရော ?...••

••...ကလေး !...••

떠나지마(Don't Go)Where stories live. Discover now