Part 1🦁🐰

5.8K 258 12
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 1
------------
Venus ကိုယ်ပိုင်ကျောင်းမှာ ကျောင်းသား၊ကျောင်းသူတိုင်းက ကိုယ်ပိုင် talent တွေရှိကြတယ် ကျောင်းစရိတ်က
လည်းကြီးသလိုမျိုး သူဌေးတွေသာတက်နိုင်တဲ့‌ကျောင်းပင်။

"တို့မျိုးရိုးကလေ စာပေအမတ်မျိုးရိုးသိလား"

အတန်းထဲကအကြွားသန်ဆုံးက ယွဲ့ရီ ဆိုသည့်သူပင်
နေ့တိုင်း နေ့တိုင်းကို သူ့မျိုးရိုးအကြောင်းပြောနေတာနဲ့တင်
တစ်နေ့တာကိုကုန်ဆုံးလေ့ရှိတယ် သူမသာအမြင့်မြတ်ဆုံးလို့
ထင်တယ် ဘုရင်မျိုးရိုးသာဆိုရင်ဘယ်လောက်တောင်မာန်
တက်နေမလဲမသိ တစ်ခါတစ်လေကျရင် နှိမ်တတ်သေးတယ်။

"ငါက အမတ်မျိုးရိုးပဲ"
"ငါကတော့ ကိုယ်ရံတော်မျိုးရိုး"

"ဒါနဲ့ ရှောင်ကျန့် နင်တို့မျိုးရိုးကရော..."

"ဟိုလေ..."

ရှောင်ကျန့်တို့မျိုးရိုးက ဘာမျိုးရိုးလဲဆိုတာတော့မသိ
သူတို့က ဟိုးဘိုးဘေးတွေခေတ်ကကို ပြန်လှန်နေကြတာ
ရှောင်ကျန့်ဘာပြောရမလဲမသိချေ ။

"ငါမသိဘူး...အိမ်ရောက်မှမေးကြည့်မယ် ငါ့ကိုလာကြိုနေပြီ"

"Ok"

ရှောင်ကျန့်ကိုသူ့အဖေကအမြဲလာကြိုလေ့ရှိတယ် ရုံးဆင်းချိန်နဲ့တိုက်ဆိုင်လို့တဲ့လေ ။

"ပါး သားတို့မျိုးရိုးကဘာမျိုးရိုးလဲ"

"ရှောင်းလေ"

"မဟုတ်ဘူးလေ သားတို့ဘိုးဘေးတွေက အမတ်လား ကိုယ်ရံတော်တွေလား အထိန်းတော်လား"

"မဟုတ်ပါဘူးကွယ်...အဖေတို့မျိုးရိုးက သာမာန်ကုန်သည်
လေးတွေပါ"

"...."

ရှောင်ကျန့်အဲ့လိုကြီးတော့ သူငယ်ချင်းတွေစီပြန်မဖြေချင်ပါ
မဟုတ်ရင်လှောင်ကြမှာပေါ့ သာမာန်ကုန်သည်တွေပဲ‌တဲ့လေ
စစ်သူကြီးမျိုးရိုးဆို အရမ်းမိုက်မှာပဲ ကား‌လေးကတရွေ့ရွေ့နဲ့ ရှောင်အိမ်တော်စီသို့ ။
.
.
.
.
"သားကျန့်ရေ...ထမင်းစားမယ်နော်"

ရှောင်ကျန့်စာအုပ်တွေကိုပိတ်လို့ လန်းဆန်းသွားအောင်လို့
မျက်နှာတစ်ချက်သစ်လိုက်သည် သူ့ခေါင်းထဲကနေသူတို့
ဘိုးဘေးတွေရဲ့ကုန်သည်မျိုးရိုးကို မထုတ်နိုင် ကုန်သည်တော့
မဟုတ်ရင်လည်း ဘုရင်တွေရဲ့စားတော်ကဲမျိုးရိုး တပ်မှူးမျိုးရိုးတွေတော့ ရရင်ကျေနပ်ပါသေးရဲ့ ။

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now