စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 33
-------------
ရှောင်ကျန့်မှာငူငူငိုင်ငိုင်နဲ့ထိုင်လို့ တစ်ဖက်ကိုမျက်နှာလွှဲငေး
ကြည့်နေရင်းနဲ့ပဲ မျက်ရည်စလေးတွေစက်လက်ကျလာခဲ့သည် မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်နဲ့ လက်နဲ့အကြမ်းပတမ်းသုတ်ကာ ထိုင်နေလိုက်သည် ။ဒီလိုဖြစ်နေတာကိုရှောင်ပါးလည်းစိတ်မချမ်းသာချေ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ သူ့သားက စစ်သူကြီးအိမ်တော်ပေါ်ကနေ
မျက်ရည်စက်လက်နဲ့ဆင်းလာပြီး အိမ်မှာလာပြန်နေသည်
ယောက္ခမတွေကလည်းဆွဲထားပေမဲ့လည်း ရှောင်ကျန့်ကအတင်းခေါင်းမာနေတာကြောင့် လွှတ်ပေးလိုက်ရသည်။"ဘယ်ကိုသွားမလို့လဲသား"
"ဒီနားသွားမို့ သိပ်မကြာစေရဘူး"
"....."
ရှောင်ကျန့်ခြေလှမ်းတွေကဦးတည်ချက်မရှိ သွားချင်တဲ့နေရာကိုလျှောက်သွားနေတာပါပဲ အရမ်းကိုချစ်တဲ့အတွဲတွေတွေ့ပြန်ရင်လည်း လောင်၀မ့်ကိုသိပ်သတိရတာပဲ ။
"ကျန့်ကျန့်လေးမဟုတ်လား"
"....."
စာပေအမတ်ရန်ချင်းကသူ့ကိုတွေ့တာနဲ့ပြေးလာသည် ။
"ငိုထားတာလား အိပ်ရေးမ၀လို့လား"
"...."
"စစ်သူကြီး၀မ်ဘာလုပ်လိုက်ပြန်ပြီလဲ... ကျန့်ကျန့်လေးကဒီလောက်ချစ်ဖို့ကောင်းတာကို"
"လူကိုစားပြီးနားမလည်ဝါးပြီးထွေးထုတ်လုပ်ထားတာ"
"ဟာ....ကွာတော့မလို့လား"
"သူစစ်တိုက်ထွက်သွားတာ ကျန့်ကျန့်ကိုသွားခါနီးကျမှပြောသွားတယ်....အင့်!...."
အောက်နှုတ်ခမ်းကိုကိုက်ရင်းနဲ့ ခပ်ဝေးဝေးတစ်နေရာကိုကြည့်နေရင်းနဲ့မှ မျက်ရည်စက်တွေကျလာလေပြီ ဘာလို့
ဒီနေ့ကျမှနေရာတိုင်း သမီးရည်းစားတွေကိုတွေ့ရတာလဲ။"ကျန့်ကျန့်ပျင်းနေရင် ကိုယ်အဖော်လုပ်ပေးမယ်လေ..."
"...."
"တုတ်ထိုးချိုချဉ်စားမလား...ဆီကြော်မုန့်ကော "
"ပြန်လာတာနဲ့ နုတ်နုတ်စင်းပစ်မှာ"