Part 21 🦁🐰

1.6K 141 4
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 21
-----------
မနက်ဘက်စောစောလေးမှာပဲ မိန်လီက စစ်သူကြီး၀မ်အိမ်တော်ကိုရောက်ချလာသည် အိမ်တေယ်ထိန်းကြီးနဲ့လည်း
ရင်းနှီးသူမို့လို့ သူ့ကိုချီးကျူးကာကြိုဆိုတယ်။

"စစ်သူကြီး၀မ်ရောဟင်"

"မနက်စာထမင်းဝိုင်းမှာပါ "

"အာ...ကျွန်မလည်းထိုင်စားလို့ဖြစ်တယ်မှတ်လား စစ်သူကြီးအိမ်တော်ကဟင်းလက်ရာတွေကိုမစားရတာကြာပြီလေ"

"ဟို..အမ်...ဟုတ်..ဟုတ်ကဲ့"

စစ်သူကြီး၀မ် အိမ်ထောင်မကျခင်တုန်းက တစ်ပတ်တစ်ခါ
တပ်မှူးတွေက လာလာလည်ကြသည် သူမလည်းအပါအ၀င်ပေါ့ စားသောက်ပြီး စကားတွေပြောပြီးတာနဲ့ပြန်သွားကြတော့တာပဲ စစ်သူကြီး၀မ် အိမ်ထောင်ကျပြီးမှမလာကြတော့တာ ။

"စစ်သူကြီး၀မ် ကျွန်မလာတယ်"

"...."

"ဟိုဘက်တိုင်းကနေ စစ်အောင်နိုင်လာတဲ့အနေနဲ့ ကျွန်မရတဲ့
ဝေစုကို ဆရာဖြစ်တဲ့ စစ်သူကြီး၀မ်စီလာပေးတာပါ"

"မလိုဘူး"

"လက်ခံပေးပါ တပ်မှူးအစ်ကိုတွေကိုလည်းပေးတာပဲကို"

သူမက သေတ္တာတစ်ဗူးကို အရှေ့တိုးပေးသည် ရှောင်ကျန့်က
ထမင်းစားနေရင်းကနေ ဗူးကိုဆွဲယူလိုက်သည် ။

"ဘာလုပ်တာလဲ"

"ဘာလုပ်လို့လဲ မင်းငါ့ယောကျာ်းကိုပေးတာပဲလေ ငါလဲပိုင်တာပေါ့"

"အဲ့တာစစ်သူကြီး၀မ်အတွက်သီးသန့်ရှင့်"

သေတ္တာကိုဖွင့်ကြည့်လိုက်တာ အရမ်းကိုကောင်းလွန်းတဲ့ပိုးထည်ပင် အဖြူရောင်လေးကိုမှ ဘေးအဆုံးသတ်နားတွေကိုရွှေရောင်လေးတွေနဲ့ကွတ်ထားတယ်။
ကနုတ်လက်ရာတွေကအစအရမ်းကိုလှတယ် သူမထင်သလိုပဲ ဒီပိတ်စက ၀တ်စုံချုပ်၀တ်ရင်သူ့ယောကျာ်းနဲ့ဆိုရင် အရမ်းလိုက်မှာသေချာတယ် ။

"ဝါး...လှလိုက်တာ"
"အေးဟယ် ဒီလောက်လှတာအခုမှမြင်ဖူးတာပဲ"
"၀တ်စုံချုပ်၀တ်ရင်အရမ်းကိုလှမှာပဲ"

ရှောင်ကျန့်အနောက်က ‌အစေခံကောင်မလေး‌တွေကတိုးတိုးနဲပဲပြောနေကြသည် ရှောင်ကျန့်သက်ပြင်းချကာ သေတ္တာကို
ပြန်ပိတ်လိုက်တယ် သူ‌လောင်၀မ့်အတွက် ဒါမျိုးလေးတွေတောင်မ၀ယ်ပေးမိဘူးပဲ ။

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now