Part 25 🦁🐰

1.7K 149 5
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 25
__________
ဒီနေ့က လောင်၀မ်ရဲ့မွေးနေ့ မနေ့ကတင်ပဲအပ်ထားတဲ့အကျီကိုသွားယူပြီးလို့ ဒီနေ့မှာ ရှောင်ကျန့်အဲ့တာကိုဝတ်ဆင်သည်
မှန်ရှေ့မှာရပ်လို့ လှည့်ကြည့်တယ် အရမ်းလှသောပဲ ။

"ဝါး...စစ်သူကြီးကတော် အရမ်းလှတာပဲ"

"အင်း"

"ကျွန်မဆံပင်စည်းပေးရမလားဟင်...."

ရှောင်ကျန့်ကအမြဲတမ်းလိုလို အကုန်လုံးကိုစုပြီးစည်းတတ်တယ် ဒီနေ့လောင်၀မ့်မွေးနေ့ဆိုတော့လည်း အရင်နဲ့မတူ
ချင်တာကြောင့် အစေခံကောင်မလေးပြောတာကိုခေါင်းညိမ့်လိုက်သည် ။

"ဒီနေ့ပွဲမှာ ကျွန်မတို့ စစ်သူကြီးကတော်လေးက အလှဆုံးဖြစ်နေမှာ "

"အင်း...."

"ရပြီ....ဘယ်လိုနေလဲဟင်"

‌ဆံပင်ကိုတစ်၀က်ယူလို့စည်းကာ အပေါ်ကနေအဖြူရောင်
အစသေးသေးလေးကိုပတ်ထားတယ် မိန်းကလေးဆိုတော့လည်း ဒါတွေလုပ်တတ်တာပဲလေ ။

"တော်တယ်...."

"ဟီး..."

မွေးနေ့ပွဲကိုစစ်သူကြီးအိမ်တော်မှာမလုပ်ပဲနဲ့ မိဘအိမ်မှာလုပ်တာကြောင့် ၀မ်ကမနက်စောစောထဲကနန်း‌တော်ထဲအရင်သွားသည် ပြီးမှလာမယ်လို့ပြောခဲ့တယ် ။

"လှည်းအဆင်သင့်ပါ စစ်သူကြီးကတော်"

"အင်း...ဘဘတို့ရော မလိုက်ဘူးလား"

"နောက်မှလိုက်လာခဲ့‌မယ်လေနော်"

"အွင်း...ကျန့်ကျန့်စောင့်နေမယ်"

"ဟုတ်ကဲ့"

လက်ပြနှုတ်ဆက်သွားသော စစ်သူကြီးကတော်ကို ကြည့်ရင်းနဲ့အိမ်တော်ထိန်းကြီးသနားနေမိသည် သနားဖို့ကောင်းလိုက်တဲ့ စစ်သူကြီးကတော်လေး စစ်သူကြီး၀မ်က ဖောက်ပြန်နေလိုက်တာ သူမသိရှာဘူး မပူနဲ့စစ်သူကြီးကတော် စစ်သူကြီး၀မ်ဖောက်ပြန်ခဲ့ရင်တောင်မှအဲ့ဒီလူကို စစ်သူကြီးကတော်လို့မသတ်မှတ်နိုင်ဘူး မစိုးရိမ်နဲ့ ကျွန်တော်စုံစမ်းပေးမယ် ။

"ဒီဟာတွေကိုသေချာချိတ်ပါလို့ပြောခဲ့တာကို အခုကြည့်
ပြုတ်ကျနေပြီ "

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now