Part 16 🦁🐰

1.6K 159 11
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 16
-----------------
နန်းတော်ကို၀င်ရောက်လာကတည်းကိုက ဆူညံပွတ်လောရိုက်နေကြသည် အထူးသဖြင့် မိဖုရားတွေနဲ့ကြင်ယာတော်
တွေရဲ့ရန်ပွဲ မင်းကြီးနဲ့ မိဖုရားခေါင်ကြီးတို့ကြားကရန်ပွဲ
တွေပင် တပ်သားတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ပြုံးပြီး ကြည့်မိလား ဆိုတဲ့စကားသံတွေကသူ့နား‌ထဲမှာ
ပဲ့တင်ထပ်နေပြီ ။

"ဒီတစ်ခါပုံဆွဲသူကတော့ ရှယ်တွေကိုပဲဆွဲတာ"

"အေးဆို..."

တပ်မှူး ၀မ်ရှုံနဲ့ ချန်ရှင်းကတောင်မှ တိုးတိုးနဲ့ သူ့နားရောက်မှ
ရပ်သွားကြသည် ။

"ဘာဖြစ်နေကြတာလဲ"

"စစ်သူကြီး၀မ်ကိုပြောပြရင်ကောင်းမလား"

"အေး"

"...."

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတိုင်ပင်ပြီးမှ သူတို့
အကျီထံမှာဖွက်ထားတဲ့စာအုပ်ကို စစ်သူကြီး၀မ်ရှေ့လာထိုးပေးသည် ။

"ကြည့်လိုက်...အရမ်းမိုက်တာ"

"...."

ပထမဆုံးစာမျက်နှာကိုလှန်လိုက်တော့ မိန်းမတစ်ယောက်က
ဘာတွေ၀တ်စားထားမှန်းမသိဘူး အတိုအပြတ်တွေနဲ့ ရင်သား
ကိုလည်းဖော်ထားသေးတယ် ချက်ချင်းပိတ်ကာ ပြန်ပေးလိုက်တယ်။

"စိတ်မ၀င်စားဘူးလား"

"လုံး၀ဘဲ ဒါတွေဖတ်နေမဲ့အတူတူ သွားလေ့ကျင့်နေကြပါလား"

"ဟုတ်ကဲ့"
"ဟုတ်ကဲ့"

သူ့နားကနေဖြတ်သွားပြီးတော့မှ ခြေလှမ်းနှစ်လှမ်းပဲလှမ်းရသေးတယ် သူ့အကြောင်းအတင်းတုတ်သံကိုကြားရပါသေးတယ်။

"စစ်သူကြီး၀မ်က တကယ့်အဖိုးကြီးစိတ်ပဲ"

"သူ့မှာယောကျာ်းရှိ‌တော့လည်း ဒါတွေဘယ်စိတ်၀င်စားမှာလဲကွ"

စာရွက် နဲ့ ပေလိပ်ကိုကိုင်လို့ မင်းကြီးရှိရာနန်းဆောင်စီ
သွားလိုက်သည် မနက်ခင်းညီလာခံကိုတက်လို့ရပေမဲ့လည်း
အမတ်တွေနဲ့ သိပ်စကားမပြောချင်တာကြောင့် သီးသန့်ရွေးလိုက်တာပင်။

"ငနာကြီး!!! ဒီအရွယ်ကြီးနဲ့နှာဗူးထရလား!!"

နန်းဆောင်အဝမှာပဲရှိသေးတယ် မိဖုရားခေါင်ကြီးရဲ့အော်သံ
ကိုကြားရလေပြီ ခဏနေတော့ ပွစိပွစိ မကျေမချမ်းသောမျက်နှာနဲ့ပြန်ထွက်လာတယ်။

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now