စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 13
-------------
နဖူးကအနာကိုအကြောင်းပြလို့ရှောင်ကျန့်ကအိမ်မှာ ဗိုလ်လုပ်သည် ဟိုဟာ၀ယ်ခိုင်း ဒီဟာ၀ယ်ခိုင်းနဲ့ အနာကပျောက်တာဖြင့် ၁ပတ်ရှိနေလေပြီ ။"နဖူးကအနာ သက်သာပြီလား"
"ဟင့်အင်း...နည်းနည်းနာနေသေးတယ်"
"မနေ့ကအဲ့စကားအတိုင်းပဲနော်"
"မနေ့က များများနာတာလေ ဒီနေ့ကတော့ နည်းနည်းနာတာပေါ့"
"...."
"ပြောရင်းနဲ့တောင်မှ နာလာပြီထင်တယ် ခေါင်းတွေလဲ
နည်းနည်းမူးလာတယ် ခဏလောက်အနားယူဦးမှပဲ""...."
အိမ်တော်မှာလဲ ဘာမှမလုပ်ရ ဘယ်လိုအနားယူဦးမှာလဲ
တော့မသိပေမဲ့လည်း စစ်သူကြီး၀မ်ကတော့လွှတ်ထားပေးလိုက်တယ် ။"ဒီနေ့ ဘယ်သွားစရာရှိသေးလဲ"
ရှောင်ကျန့်ကနေ့တိုင်းအဲ့တာကိုမေးတယ် သူဖြစ်ပြီးနောက်နေ့မှာ တောထဲမှာ သွားလေ့ကျင့်ရတာကို သူကအနောက်ကနေ
အစေခံတွေကိုခေါ်ပြီးလိုက်လာတယ် ခပ်လှမ်းလှမ်းမှာရွက်ဖျင်တဲအသေးလေးထိုးလို့ ထိုင်ကြည့်နေတာ ပြန်တော့လည်းသူ့ကိုချီရသေးတယ်။"အိမ်ရှေ့စံ နန်းတော်ကိုမပြန်မှီ ညဘက်ပွဲတော်ကိုလိုက်ပို့ပေးဖို့စဉ်းစားထားတယ်"
"တကယ်!... "
"အင်း....မင်းမလိုက်ရဘူး"
"ဘာလို့လဲ"
"အိမ်တော်ထိန်းကြီးပါ ပါမှာမို့လို့ မင်းအိမ်စောင့်နေရမယ်"
"ကျန့်ကျန့်က ဘာဖြစ်လို့အိမ်စောင့်ရမှာလဲ"
"မင်းပြောတော့ မသက်သာသေးဘူးဆို အဲ့တော့ မလိုက်ရဘူး"
"...."
ရှောင်ကျန့်ကမျက်လုံးလေးဟိုရွှေ့ဒီရွှေ့နဲ့စဉ်းစားလိုက်သည်
မျက်လုံးလေးကလယ်ကလယ်နဲ့မော့ကြည့်ကာ အကျီစကိုလာဆွဲသည်။"ဟို...အခုသက်သာနေပြီနော်..."
"...."
"လောင်ကုန်းကို မချီခိုင်းတော့ဘူးလေနော်..."