Part 11 🦁🐰

1.8K 157 4
                                    

Part 11
---------------
ရှောင်ကျန့်ကောက်တာကို စစ်သူကြီးဝမ်ကလွဲလို့အကုန်လုံးကထိန်းလွယ်သည် စစ်သူကြီးဝမ်နဲ့လည်း စကားမပြောချေ
မခေါ်မပြောတာ၁ပတ်လောက်ရှိနေပြီ ။

"အိမ်တော်ထိန်းကြီး ရှောင်ကျန့်ကိုပြောလိုက်"

"ဟုတ်ကဲ့ စစ်သူကြီး...အဟမ်း...စစ်သူကြီးကတော် တပ်မှူးလီချန်ရဲ့အစ်ကိုမဂ်လာဆောင်ကဒီနေ့မို့လို့ အဲ့တာသွားမလို့ လိုက်မလားတဲ့"

"ဘယ်သူနဲ့သွားရမှာလဲ မေးလိုက်"

"ဟုတ်ကဲ့ စစ်သူကြီးဝမ် စစ်သူကြီးကတော်က ဘယ်သူနဲ့သွားရမှာလဲတဲ့"

"ကျုပ်နဲ့သွားရမှာပေါ့ သူကဘယ်သူနဲ့သွားချင်နေသေးလို့လဲ
ပြန်ပြောလိုက်"

ထမင်းစားပွဲဝိုင်းမှာ ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ပဲ ကွာ‌ဝေးတာကို အလယ်ကနေ အိမ်တော်ထိန်းကြီးနဲ့စကားပြန်လုပ်ခိုင်းသည် ။

"စစ်သူကြီးကတော် စစ်သူကြီးဝမ်က...သူနဲ့မသွားချင်လို့
ဘယ်သူနဲ့များသွားချင်နေသေးလို့လဲတဲ့"

"မသွားချင်ဘူး!"

ရှောင်ကျန့်ကသူ့ကိုကောက်နေတယ်ဆိုတာ တစ်အိမ်လုံးသိနေပြီ ၁ပတ်တောင်ရှိနေပြီ အကောက်မပြေသေးဘူး အခုလည်း
ခပ်ပြတ်ပြတ်ပြောလို့ ငြိမ်နေလေပြီ စစ်သူကြီးဝမ်ကဘာမှမပြောတော့‌ ။

"စစ်သူကြီးဝမ်...ဟို တပ်မှူးကြီးရဲ့အစ်ကိုမဂ်လာဆောင်ဆိုတော့လေ ကျွန်တော်လိုက်လို့ရမလားဟင်"

အိမ်ရှေ့စံကပြောလာတယ် သူလည်းသိချင်တာပေါ့ တပ်မှူးကြီးရဲ့အိမ်ကိုလိုက်ကြည့်ချင်ပါတယ် စစ်သူကြီးဝမ်နဲ့ပဲကပ်လိုက်သွားမှရချေမည် မဟုတ်ရင်သူမသိရတော့ဘူးလေ ။

"ဟို....မနက်ခင်းပိုင်းလေးတော့နားချင်လို့ပါ တပ်မှူးကြီးကို
ကြည့်ချင်လို့ပါ စစ်သူကြီးဝမ်...နော် နော်"

"....."

ရှောင်ကျန့်မှာလက်ပိုက်ရင်းနဲ့ကြည့်နေတာ ဒီအိမ်ရှေ့စံက
တော်တော်လေးကို အားနေတာပဲ သူမလိုက်လို့ စစ်သူကြီးဝမ်နဲ့အတူတူပွဲတက်ချင်နေတာ ဟွန်း!....။

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now