စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 32
--------------
ယနေ့မနက်ခင်းကတော့ ခါတိုင်းထက် စစ်သူကြီး၀မ်ရဲ့မျက်နှာကပိုလန်းနေသယောင်ယောင် အခန်းဆောင်စီသွားတာ ခြေလှမ်းတွေပါမှားလို့ ။"မား...အဟမ်း...သက်သာရဲ့လား"
"အင်း....သက်သာပါတယ်ကွယ် မားအခုဆိုရင်ပြေးလို့တောင်ရနေပြီ"
"ကောင်းတာပေါ့မား....နံနက်စာစားရအောင်လေနော် "
"အေးအေး"
မားကကောင်းလာပြီမို့ အရင်လိုမျိုးအခန်းဆောင်စီမပို့ရတော့ချေ သူတို့ထိုင်လိုက်တာနဲ့ စစ်သူကြီး၀မ်က ရှောင်ကျန့်အတွက်ထည့်ပေးထားတဲ့ ထမင်းပန်းကန်နဲ့ အခြားဟင်းတွေကိုသူ့ဘာသာသူခူးထည့်လို့ဗန်းပေါ်တင်ကာ သွားလေပြီ ။
"ရှင့်သားဘာဖြစ်လို့လဲ"
"ဘယ်သိမှာလဲ"
"သားကျန့်ကဒီကိုတောင်လာမစားဘူးဆိုတော့ ကျွန်မမျက်နှာကိုမကြည့်ချင်လို့လားဟင် မောင်ကြီး"
"ဟာ....မဖြစ်နိုင်ပါဘူးကွာ သားကျန့်လေးကစိတ်ထားဖြူစင်တာ ကိစ္စရှိလို့နေမှာပေါ့ အဟမ်း....စားစား"
"...."
*ဒေါက်...ဒေါက်...*
"လောင်ရှောင်း....ကိုယ်၀င်လာလို့ရမလား"
"အ...အင်း..."
သူဝင်လာတာနဲ့ ရှောင်ကျန့်က တစ်ဖက်ကိုလှည့်ထိုင်သွားသည် မနေ့ညကကိစ္စကြောင့်နဲ့ သူ့လောင်ဖောကသူ့ကိုရှက်နေလေတာ ။
"လောင်ရှောင်း..."
"ထ..ထားခဲ့ပြီးရင် ပြန်တော့လေ ကျန့်ကျန့်စားပြီး အိပ်တော့မှာ"
"အင်း...ထရတာ သက်သာရဲ့လား"
ရှောင်ကျန့်မှာ မျက်နှာတွေရဲခနဲ ဒီလူကတော့ ဘာဖြစ်နေတာလဲ ခုနကထတာတောင်မှနာလို့ကို မနည်းထရတာကိုများ ။
"နောက်ပြီး မွှေ့ယာခင်းလာလဲခိုင်းလိုက်မယ်နော်"
"အ...အိမ်တော်ထိန်းကြီးကို လာလဲခိုင်းနော်...ကောင်မလေး
တွေမြင်ရင် မကောင်းဘူး""အင်း..."
ဗန်းကိုခုံပေါ်ကိုချလို့စစ်သူကြီး၀မ်က ကုတင်ပေါ်တက်ကာ
သူ့လောင်ဖောနားကပ်သွားသည် ဟနေတဲ့လည်ပင်းနေရာမှာ
သူကိုက်ထားတဲ့အရာတွေပဲ ။