Part 4🦁🐰

2.3K 178 4
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 4
__________
ရှောင်းမျိုးရိုးဘက်ကလုပ်နေရိုးကျထုံးစံရှိတယ် ညားကာစ
လင်မယားတွေအတွက် စီးပွားရေးကောင်းအောင် အဘက်ဘက်ကနေပြီးပြည့်စုံသောအိမ်ထောင်တစ်ခုဖြစ်ဖို့အတွက်
ဆိုပြီး မျိုးရိုးအလိုက်လုပ်နေကျလေးရှိတယ် ။

ရှောင်းမျိုးရိုးကနေ ရှောင်ကျန့်ကလက်ထပ်ထားတာမကြာသေးတာကြောင့် ထိုရိုးရာကိုလုပ်ရပေမည်။

"ရောက်ပါပြီဗျ"

တောင်ရဲ့အောက်ခြေကိုရောက်လာလေပြီ တောင်ပေါ်မှာ
ဘုရားကျောင်းရှိတယ် အဲ့ကိုရောက်အောင်သွားရမည်ပင်
ရှောင်ကျန့်လှေကားထစ်တွေကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

"လှေကားထစ်ကြီးပဲ ‌စက်လှေကားလေးဘာလေး ထားတာ
မဟုတ်ဘူး"

"...."

ရှောင်ကျန့် ပြောသမျှစကားတွေကို စစ်သူကြီး၀မ်ကနားမလည်ဘာတွေပြောနေမှန်းလဲမသိဘူး စက်လှေကားတွေရော
ဆောရီးတွေရော နောက်ပြီးဟိုတစ်ခါသူ့ကို လက်ခလယ်
ထောင်ပြသေးတယ် ဘာအဓိပ္ပာယ်လဲတော့မသိချေ။

"တက်ရမယ် လာခဲ့"

"ဟူး..."

လှေကားထစ်တွေအဆင့်တိုင်းကိုဖြတ်ကျော်သွားလိုက်တာ
၃၀ပဲရှိသေးတယ် ရှောင်ကျန့်မောလာလေပြီ တစ်ခါမှတောင်မတက်ဖူးဘူး တက်ဖူးတာဆိုရင် ကားနဲ့ပဲတက်ဖူးတာကို ။

"၀မ်...မမောဘူးလားဟင်"

ရှောင်ကျန့်က မောဟိုက်နေတော့ ရိပေါ်ခေါင်းခါပြသည် ။

"အားကျလိုက်တာ"

"နှေးတိနှေးကန်နဲ့"

"စကားပြောတာကြည့်ပြောလေ ၀မ်..ကစစ်သည်တစ်ယောက်လေ ကျန့်ကျန့်က သူဌေးသားလေးတစ်ယောက်လေ အဲ့တော့
ကွာတာပေါ့"

"....."

"ဆက်သွားမယ်... let's go "

"အဲ့တာဘာပြောတာလဲ"

"အော်...အဲ့တာလား အားတက်စေအောင်လို့ ပြောတာ "

"..."

တောင်ပေါ်ထိပ်အထိရောက်အောင်သွားရမယ်ဆိုတော့
လမ်းခရီးမှာ‌လည်း သမင်တွေ ယုန်တွေ တော၀က်တွေကိုလည်း တွေ့ရသေးသည် ။

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now