Part 26 🦁🐰

1.8K 147 13
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 26
___________
စစ်သူကြီးအိမ်တော်ကိုတစ်ခါမှမရောက်လာဖူးသော လက်ဆောင်ထုပ်တွေကတစ်ပုံကြီးပင် စစ်သူကြီး၀မ်အတွက်
လက်ဆောင်လို့သာ ရှောင်ကျန့်ထင်နေခဲ့ပေမဲ့ အဲ့ထဲက တစ်၀က်လောက်က သူ့အတွက်ချည်းပင်။

"စစ်သူကြီးကတော် စာလေးလဲပါလာတယ်"

"ဟုတ်လား...ဖတ်ပြချည်"

ရှောင်ကျန့်နဲ့အတူ လက်ဆောင်ဖောက်နေသော အစေခံကောင်မလေး‌က စာပါလာတာမို့လို့ ဖွင့်ဖတ်ကြည့်လိုက်သည်။

"စစ်သူကြီးကတော် ကိုယ်နာမည်ကိုတော့ထည့်မရေး‌တော့ပါဘူး မနေ့ကတွေ့တာ တော်တော်လှတယ်နော် ထပ်‌တွေ့ဖို့လည်း
မျှော်လင့်နေပါတယ် "

"တကယ်ကြီးလား"

"ဟုတ်...စစ်သူကြီးကတော် ဒါကြီးက ရည်းစားစာလိုမျိုးပဲ
စစ်သူကြီးသာသိရင် ဒီတစ်ယောက်အသတ်ခံရတော့မှာပဲ "

ရှောင်ကျန့်ခေါင်းတစ်ခါခါနဲ့ လက်ဆောင်တွေကိုလိုက်ဖောက်ရင်းနဲ့ တစ်နေ့တာကိုကုန်ဆုံးစေသည် ခုနကလိုမျိုးစာတွေပဲ
၁၀စောင်လောက်ရှိတယ် နာမည်တွေတော့ မဖော်ပြထားဘူး
စစ်သူကြီး၀မ်ပြန်လာတော့ သွားပြသည်။

"လောင်၀မ်သိလား ကျန့်ကျန့်ရည်းစားစာတွေတစ်ပုံကြီးရတယ်"

"...."

"လောင်၀မ်သိအောင်လို့ပြောပြတာ ဟင်း...ဟင်း..."

"ဘယ်ကောင်တွေရေးတာလဲ"

"နာမည်မပြောထားဘူး "

"...."

"မနေ့ကပွဲမှာတွေ့တာ တော်တော်လှလို့ နောက်တစ်ခေါက်လည်း ထပ်တွေ့ချင်ပါသေးတယ်တဲ့ အာ...အချို့ဆိုရင်လေ
ကျန့်ကျန့်ကိုချစ်တယ်လို့ပါပြောထားသေးတာ အနည်းဆုံးတော့ ချစ်တာကိုသိရင်ရပါပြီတဲ့လေ"

"ကျစ်!...အဲ့တာကြောင့်မို့လို့ ပွဲတွေမလုပ်ချင်တာ"

"ဘာဖြစ်လို့လဲ...ကျန့်ကျန့် ရည်းစားစာတွေရတာ မနာလိုလို့လား"

"လောင်ရှောင်း...တော်ပြီ ဒီနေ့ကနေစပြီးတော့ ကိုယ်နဲ့ပဲ အပြင်သွားရမယ် ကျန်တဲ့အချိန်တွေကိုအိမ်ထဲကနေမထွက်နဲ့"

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now