စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 3
__________
မနက်တိုင်းလုပ်နေကြပဲ နန်းတော်ကိုသွားဖို့အတွက်ပြင်ဆင်
နေတုန်း ရှောင်ကျန့်ကသူ့ကိုလိုက်ကြည့်နေသည် ဘာလို့မှန်း
တော့မသိပေမဲ့လည်း မျက်ခုံးကခပ်လှုပ်လှုပ်ရယ်။"ရိပေါ်က...နန်းတော်သွားမို့လားဟင်"
"အင်း"
"ကျန့်ကျန့်လည်းလိုက်မယ်လေနော်"
ရှောင်ကျန့်ကပြောတော့ ရိပေါ်ခေါင်းခါပြသည် ဒီလောက်
စိတ်ညစ်ဖို့ကောင်းတဲ့နန်းတော်ထဲသူပဲလိုက်ချင်နေတာ
ကိုယ်တောင်မှမဖြစ်မနေသွားရလို့ သွားတာကို ။"ဘာလုပ်မလို့လဲ"
"စစ်သူကြီးကအိမ်ထောင်ပြုသွားမှတော့ ကျန့်ကျန့်လည်း
တပ်မှူးလေးတွေချောလားလို့ လိုက်ကြည့်မှာပေါ့ဗျ""...."
"ဟမ်...ဟမ်..."
"မ..ရ..ဘူး"
တစ်လုံးချင်းပြောလို့ ဖိနပ်ကိုစီးကာ ထရပ်လိုက်သည်။
"ဒါနဲ့...မင်းအိမ်မှာကြိုက်တာလုပ်လို့ရတယ်....ငါ့နောက်လည်း
မလိုက်လာနဲ့ ငါ့ကိုလည်းဂရုမစိုက်နဲ့ ၆လကြာရင်ကွာရှင်းမယ်
ဆိုတော့ ဒီလောက်ထိလုပ်မှဖြစ်မယ်မှတ်လား""ပြီးရော...ကျန့်ကျန့်လက်ခံပါတယ်..."
"...."
ခြံပေါက်၀မှာ မြင်းနဲ့လူတစ်ယောက်ကစောင့်နေတာနဲ့
ရိပေါ်ပါ သူ့မြင်းကိုထုတ်လို့ နန်းတော်စီသွားကြသည်
ရှောင်ကျန့်ပြန်လှည့်လာတယ် သူဘာလုပ်ရမလဲဘာမှလုပ်စရာမှမရှိတာ ။"ပျင်းလိုက်တာ..."
ရှောင်ကျန့်အိမ်ကြီးကိုလှည့်ပတ်ကြည့်နေလိုက်သည် ရှေးခေတ်ကသူတွေများနော် ရိုးသားတာနဲ့ ပိုက်ဆံအများကြီး
ရပြီးချမ်းသာနေကြတာ ရိုးရိုးသာမာန်တပ်သားလေး
တောင်မှ ဒီလောက်ထိနေနိုင်တယ်ဆိုတော့ နည်းတဲ့အားမဟုတ်ချေ။ရှောင်ကျန့်ပျင်းပျင်းနဲ့လျှောက်လာလိုက်တာ စားဖိုဆောင်ကို
ရောက်လာတော့ ကိုယ့်တာ၀န်နဲ့ကိုယ်အလုပ်လုပ်နေတဲ့ အစေခံကောင်မလေးတွေက ၅ယောက်လောက်ရှိမည် တစ်ယောက်ကတော့ မီးမွှေးဖို့ပြင်ဆင်နေတယ် ။