စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 18
___________
ရှောင်ကျန့်ကို၀တ်စုံအပြည့်၀တ်ဆင်ပေးနေရသည် သူကတော့ငြိမ်နေတာပဲ ငြိမ်နေမှာပေါ့ သူအဆူခံထိထားတာလေ
စစ်သူကြီး၀မ်ကရော ပါးပါးကပါပေါင်းပြီးဆူထားတာပင်
မျက်နှာကလည်းဆူပုတ်နေတာပဲ ပါးလေးနှစ်ဖက်ဖောင်းလို့
ချစ်စရာလေးပင်။"ခေါင်းမော့..."
"အင့်!..."
ခေါင်းမော့ဆိုတာနဲ့တင် အသားကုန်မော့ပေးလိုက်တာပင်
အဝါရောင်ဖျော့ဖျော့လေးနဲ့ ရှောင်ကျန့်က အရမ်းကိုချစ်ဖို့ကောင်းတယ် ။"လာ....ဦးထုပ်ဆောင်းမယ်"
"...."
ရှောင်ကျန့်ကိုဦးထုပ်လေးဆောင်းပေးလို့ ကြိုးချည်ပေးလိုက်သည် စစ်သူကြီး၀မ်က ဦးထုပ်ကိုသေချာလေးပြုပြင်ပေးလို့
ရှောင်ကျန့်ပုခုံးနှစ်ဖက်ကိုအသာလေးကိုင်လို့ မှန်ရှေ့မှာပြသည်။"အမတ်ရှောင်း....ဘယ်လိုနေလဲ..."
"...."
"ဒီနေ့မင်းကြီးနဲ့တွေ့ရမှာ အဲ့ဒီဆူပုတ်နေတဲ့မျက်နှာထားကိုပြင်"
"ဟွန့်!...."
ရှောင်ကျန့်က တစ်ဖက်ကိုမျက်နှာလွှဲသွားသည် တစ်နေ့ကဖြစ်တဲ့အကြောင်းအရာကို မနေ့က ယောက္ခမနဲ့ စစ်သူကြီး၀မ်ပါ
နှစ်ယောက်ပေါင်းပြီးဆူထားလို့ အခုထိ စကားမပြော။"လာ....သွားမယ်..."
"...."
နေရာကနေတုတ်တုတ်မျှမလှုပ်ချေ စစ်သူကြီး၀မ်သက်ပြင်း
ချလိုက်သည် ဘယ်လိုမျိုးကောက်စိန်ကများ သူ့စီရောက်လာတာပါလိမ့် ။တံတောင်ဆစ်ကနေဆွဲမယ်ပြင်တော့လက်ပိုက်သွားတယ်
တကယ်ပဲ ဒီဟာလေး...သူလည်းမှားသေးတယ် ဆူတာကို
လည်းမကြိုက်။"လာ ကျောပိုးသွားမယ် တက်...."
"...."
စစ်သူကြီး၀မ်က ရှောင်ကျန့်ရှေ့မှာကျောပေးထိုင်လိုက်သည်
မနေ့ကအရမ်းဆူထားတာ သူ့ကိုယ်လည်းဘာမှပေးမကိုင်
ဘာမှလည်းပေးမလုပ် အပြစ်အနေနဲ့ ပါးပါးက ဘိုးဘွားခန်းထဲမှာဒူးထောက်ထိုင်ခိုင်းထားတာ လောင်၀မ်ကတော့ အပြစ်အနေနဲ့
မုန့်မကျွေး သူ့ကိုနွားနို့ဆန်ပြုတ်ပဲတိုက်တာ
စိတ်ဆိုးလို့ မနေ့ညထဲက ကင်းကင်းနေတာ ဘယ်သူမှားတာလည်းအသိသာကြီးကို။