Part 20 🦁🐰

1.7K 155 4
                                    

Part 20
____________
လေအေးလေးတွေရဲ့တိုက်ခတ်မူ့ကိုတဝကြီးခံစားလိုက်ရသည် တောတောင်လေကလာတဲ့လေက အရမ်းကိုအေးပြီး
လမ်းဆန်းစေတယ် ။

"လောင်ဝမ်...ဒီလိုနေရာကိုလာနေကျလားဟင်"

"တစ်ခါတစ်လေ"

လောင်ဝမ်ကသူဖြစ်စေချင်တဲ့အတိုင်း ပျော်ပွဲစားထွက်လာတယ် သူပြောသလိုမျိုးအရှေ့ဘက်မှာရေတံခွန်ရှိတယ်
ရွက်ဖျင်တဲအသေးလေးတောင်ထိုးထားပေးသေးတယ်
စားစရာတွေကိုလည်းအိမ်တော်ကနေယူလာသေးတယ် ။

"လောင်ဝမ်"

"အင်း"

"လောင်ဝမ်အကြိုက်ဆုံးအရောင်ကဘာလဲ"

"ဘာလုပ်မလို့လဲ"

"လောင်ဝမ်က ကျန့်ကျန့်ရဲ့ယောကျာ်းပဲလေ အဲ့တော့
တစ်ယောက်အကြောင်းတစ်ယောက်သိသင့်တာပေါ့ "

"...."

"နော်...လောင်ဝမ် ပြောပြနော်"

"အစိမ်းရောင်"

"အကြိုက်ဆုံးအစားအစာ"

"နံနံပင်"

"ဘယ်လိုပုံစံမျိုးကိုသဘောကျလဲ"

"ချစ်ဖို့ကောင်းပြီး အရမ်းကြီးကလေးမဆန်တဲ့သူမျိုး
အချို့နေရာတွေမှာဆိုရင် ရင့်ကျက်တတ်တဲ့သူမျိုး"

"အော်....ကျန့်ကျန့်အကြိုက်ဆုံးတွေကတော့"

"အနီရောင်...၊ပုဇွန် ၊ မုန့် ၊ အာလူးကြော် "

"ကျန့်ကျန့်အကြောင်းသိတယ်ပေါ့ "

"အင်း..."

"လောင်ဝမ်ကအမြဲတမ်း မျက်စိဒေါက်ထောက်ကြည့်နေတာပဲနော်"

"အင်း"

ရှောင်ကျန့်က ယူလာတဲ့ အိတ်ထဲကနေ ပန်းချီပစ္စည်းတွေကိုသွားယူကာ မြစ်ဘေးနားမှာထိုင်ခုံချပြီးထိုင်လို့ စာရွက်ကိုပေါင်ပေါ်တင်ကာ ပုံဆွဲနေတယ် စစ်သူကြီးဝမ်ကတော့ ငါးမျှားနေလေတယ် ။

"အရင်တုန်းက ချစ်ခဲ့ဘူးတဲ့ မိန်းကလေး ရှိလားဟင်"

"ဟင့်အင်း"

"ကျန့်ကျန့်ကတော့ ရှိခဲ့တယ်"

"...."

"သိလား လောင်ဝမ်ရယ် ကျန့်ကျန့်သူ့ကိုလေ အလယ်တန်းနောက်ဆုံးနှစ်မှာစတွေ့တာကွာ သူကအရမ်းလှတယ်သိလား
ကျန့်ကျန့်တစ်ဖက်သတ်ကြိုက်ခဲ့တာ ဒါပေမဲ့သူကလေ
အတန်းထဲက အတွဲတစ်တွဲထဲက ကောင်လေးကိုလုသွားတာ
စနှိုက်ကြော်တာပေါ့ အဲ့တာနဲ့ကျန့်ကျန့်လည်း မကြိုက်တော့ဘူး"

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now