Part 9🦁🐰

1.9K 150 7
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 9
---------------
လအနည်းငယ်ကြာတော့ ကြာပန်းလေး‌တွေပွင့်လန်းလာလေပြီ ရှောင်ကျန့်ကတော့ နေ့တိုင်းလိုလိုကြာခွက်ခူးစားနေလေတယ် ကြာပန်းတွေကိုလည်းပန်းအိုးထဲထည့်လို့ အခန်းတိုင်း
မှာထည့်ထားတတ်တယ် ။

"ဘာဆွဲရင်ကောင်းမလဲ..."

အဓိကပြဿနာကအဲ့တာပဲ အခြထိဘာပုံဆွဲလို့ဆွဲရမလဲ
မသိချေ လောင်၀မ်ရဲ့ပုံလား သူ့ပုံလား ဒါမှမဟုတ်လည်း
ပန်းပုံလေးတွေလား ဘယ်သူ့ပုံဆွဲရမလဲမသိချေ ။

"သိပြီ!...."

စုတ်တံကိုမှင်စွတ်လို့စဆွဲသည် လောင်၀မ်ကြိုက်မှာသေချာတယ် ။

"အိမ်ရှေ့စံလား ကြွပါဗျာ...."

"ဟုတ်ကဲ့...စစ်သူကြီးကဒီမှာပဲစောင့်နေဖို့ပြောလို့ပါ"

"ဟုတ်ကဲ့ လက်ဖက်ရည်ပြင်ပေးမယ်နော် ဧည့်ခန်းမှာထိုင်ကြပါဦး"

"ဟုတ်ကဲ့"

ရှောင်ကျန့်ကဧည့်ခန်းမှာပဲပုံထိုင်ဆွဲနေလေတာ ခုနကအသံ
တွေသူကြားပါတယ် အိမ်ရှေ့စံတဲ့ အိမ်ရှေ့စံကဘာလာလုပ်တာလဲ ။

"စစ်သူကြီးအိမ်တော်ကကျယ်တယ်နော် အိမ်ရှေ့စံ"

"အင်း....နောက်မှသူ့ကိုခွင့်တောင်းပြီးတော့ လိုက်ပတ်ကြည့်ဦးမယ်"

"ဟုတ်ကဲ့...."

တံခါးဖွင့်လာ‌တာနဲ့သူတို့၀င်လာကြသည် ရှောင်ကျန့်လှည့်ကြည့်တော့ အိမ်ရှေ့စံနဲ့အထိန်းတော်ကြီးတစ်ယောက်ရယ်
အနောက်ကအစေခံနှစ်ယောက်ရယ်ပါတယ် အစေခံတွေအများကြီးခေါ်လာစရာလိုလို့လား ။

"စစ်သူကြီးကတော်ရှိနေတာပဲ..."

"အင်း..."

ရှောင်ကျန့်ကအင်းတစ်လုံးပဲ‌ဖြေကာ ပုံဆက်ဆွဲနေသည်။

"စစ်သူကြီးကတော် အိမ်ရှေ့စံကိုဦးညွှတ်ရမယ်ဆိုတာမသိဘူးလား"
"ဟုတ်ပ...စစ်သူကြီးကတော်က အိမ်တော်ရဲ့ဒုတိယသခင်ပဲ
လေ စစ်သူကြီးမရှိတုန်းမှာ ကြိုဆိုဧည့်ခံပေးရမယ်မဟုတ်လား"

ဟိုနောက်ကကောင်မလေးနှစ်ယောက်က ဗျစ်တောက်ဗျစ်တောက်နဲ့ ရှောင်ကျန့်အကြောင်းကိုပြောနေလေတာ ရှောင်ကျန့်ကသက်ပြင်းတစ်ချက်ချလို့ သူတို့ဘက်ကိုစိတ်မပါသလိုနဲ့ကြည့်လိုက်သည်။

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now