Part 27 🦁🐰

1.6K 95 3
                                    

စစ်သူကြီးက‌တော်ဖြစ်လာခြင်း
Part 27
____________
အရက်ဆိုင်တွေကညဘက်ဆိုရင်အရမ်းလူစည်ပါတယ်
တစ်နေ့တာရဲ့ ပင်ပန်း‌မူ့တွေ စိတ်ပင်ပန်းမူ့တွေကို ဖြေဖျောက်ဖို့အတွက် ယောကျာ်းသားအများစုက အရက်ဆိုင်ထိုင်လေ့ရှိတယ် အချို့ကတော့ သူငယ်ချင်းတွေနဲ့အုပ်လိုက်ပေါ့ စကားလေးတပြောပြောနဲ့ ။

"စစ်သူကြီး၀မ် သောက်ဗျာ..."

"...."

နန်းတော်ကနေပြန်ဖို့လုပ်တော့ အကုန်လုံးက ဝိုင်းဆွဲကာ
ဒီကိုခေါ်လာကြသည်ငြင်းလို့လည်းမရ လက်ကိုဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ဆွဲလို့ အတင်းခေါ်လာကြသည်။

"စစ်သူကြီး၀မ် ဒီနေ့ ကျွန်မမွေးနေ့မို့လို့ ကျွေးတာ အစ်ကို‌တို့ရော အကြိုက်စားနော် ဒီဝိုင်းတစ်ခုလုံးကျွန်မရှင်းမယ်"

"ပေါက်စနကလည်းနော်..."

"ဘာကိုလည်းဗျ ကျွန်မဟိုးအရင်တပ်သားဘ၀တုန်းကလည်း
ဒီလိုပဲဆိုင်ထိုင်နေကြပါနော် ကျွန်မသောက်နိုင်ပါတယ်"

"မမူးမချင်းအိမ်မပြန်ဘူးဟေ့!..."

"ငါပြန်တော့မယ်"

"ဝေ့...နေပါဦး တစ်ခွက်လေးသောက်သွားပါဦး"

စစ်သူကြီး၀မ်ကိုဆွဲလို့ အရက်အတင်းတိုက်သည် အရက်ကတော့ အများကြီးမသောက်နိုင် ဘာပဲဖြစ်ဖြစ်လေ တစ်ခွက်ထဲဆိုတော့လည်း ။

"တစ်ကျိုက်တည်းဟေ့..."

"ခွက်ချင်းတိုက်ရအောင်...လာလာ"

ခွက်ချင်းတိုက်လို့ မော့ချလိုက်တော့သည် စစ်သူကြီး၀မ်လည်းတစ်ခွက်သောက်ပြီးရော ပြန်ဖို့အတွက် ဆင်းပြန်တော့
ဆွဲထားပြန်သည် ဟိုလူကလည်း သူမထည့်ပေးရသေးလို့
ဒီလူကလည်း သူထည့်ပေးတဲ့အရက်မသောက်ပေးလို့နဲ့
ပြောကာ ဝိုင်းဆွဲထားကြပြန်သည်။

နောက်ဆုံးတော့လည်း သောက်ပစ်လိုက်တာ အရက်တစ်အိုး
ကုန်သွားလေတော့ စစ်သူကြီး၀မ်လည်းတော်တော်မူးလာလေပြီ ၀မ်ရှုံ့ နဲ့ မိန်လီက ဖြင့် ဖြုံတောင်မဖြုံဘူး လီချန်ကတော့
ခေါင်းပါမှောက်လို့။

"စစ်သူကြီး၀မ်...ထပ်သောက်ပါဦး"

"အင်း....ထည့်.."

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now