Part 34🦁🐰

1.5K 144 4
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 34
___________

"စစ်သူကြီးနေရာကိုစွန့်လွှတ်နိုင်မလားဟင်"

"....."

ဖက်ထားရာကနေအနည်းငယ်ခွာလို့ရှောင်ကျန့်ကိုမော့ကြည့်သည် စစ်သူကြီးကတော်ဆိုတဲ့နေရာကိုရချင်တယ်ဆိုပြီး
သူလေးပဲ ‌ခနခနပြောနေခဲ့တာမဟုတ်လား။

"ဘာဖြစ်လို့လဲ"

"ဟိုလေ စစ်ပွဲတွေဖြစ်ရင်လေ ကျန့်ကျန့်ကြောက်တယ်
လောင်၀မ့်ကိုဆုံးရှုံးရမှာကြောက်တာ အခုတောင်ဗိုက်ပေါ်မှာ
ဓားဒဏ်ရာကြီးရလာခဲ့ပြီးပြီကို "

"လောင်ရှောင်းပဲ... စစ်သူကြီးကတော်နေရာကို လိုချင်ခဲ့တာမဟုတ်လား"

"အခုမလိုချင်တော့ဘူး လောင်၀မ်ကိုဆုံးရှုံးရမှာပိုကြောက်တယ်"

"ကိုယ်အပြင်အလုပ်တွေမလုပ်တတ်ဘူးနော်"

ရှောင်ကျန့်ကိုကြည့်လို့စလိုက်သည် ဘယ်လိုများပြန်ဖြေမလဲလို့ ။

"လောင်၀မ် အပြင်အလုပ်မလုပ်တတ်ရင်လေ ကျန့်ကျန့်ရှာကျွေးမယ်သိလား.... ကျန့်ကျန့်ရဲ့ပါးပါးလည်းရှိတာပဲကို "

"ဘယ်လိုလုပ်ပြီးရှာကျွေးမှာလဲ"

"ဟို စားသောက်ဆိုင်လေးဖွင့်ပြီးရှာကျွေးမယ်နော်"

"ကိုယ်က အသုံးစရိတ်နည်းနည်းလေးနဲ့ဆို မရနိုင်ဘူး အိမ်သေးသေးလေးဆိုလဲ မနေနိုင်ဘူး"

"ကျန့်ကျန့်ကြိုးစားရှာပါ့မယ်နော် "

စစ်သူကြီး၀မ်ခပ်ဟဟရီလို့ ရှောင်ကျန့်ကိုနမ်းလိုက်သည် ။

"ကိုယ်ကစတာပါ လောင်ရှောင်း....ကိုယ်ကအိမ်ထောင်ဦးစီးပဲ
ကိုယ်ရှာကျွေးရမှာပေါ့ "

"...."

"ကဲ လောင်ရှောင်း စစ်သူကြီးကတော်နေရာကို စွန့်လွှတ်ဖို့
သေချာစဉ်းစားပြီးပြီလား"

"အင်း....စဉ်းစားပြီးပြီ လောင်၀မ့်ကိုချစ်တယ် လောင်၀မ့်ကိုသာမဆုံးရှုံးစေချင်ဘူး ‌အဲ့ရာထူးတွေကဘာမှမဟုတ်ဘူး
စစ်သူကြီးကတော် ဆိုတဲ့ဂုဏ်ပုဒ်မဟုတ်လဲဘဲ ဒီအတိုင်း
၀မ်ရိပေါ်ရဲ့ အမျိုးသားလေးဆိုလဲ ကျန့်ကျန့်ပျော်ပါတယ်နော်"

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now