စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 35 (final)
စကားလုံးတွေရိုင်းသွားမိရင် ခွင့်လွှတ်ပေးပါ 😓
---------------
ယနေ့ကတော့ရှောင်ကျန့်မွေးနေ့ပင် အလှူပွဲကြီးလုပ်လို့ အကုန်လုံးကလည်းပျော်နေကြတယ် သူအခုဆိုရင်အသက်
၃၅နှစ်ရှိနေလေပြီ မှန်ထဲကကိုယ့်ပုံရိပ်ကိုကိုယ်ပြန်ကြည့်လို့ပြုံးလိုက်သည် အခုဆိုရင် တစ်ဖက်ကမ္ဘာကဦးလေးတွေနဲ့အသက်ရွယ်တူဖြစ်နေပြီ သူရောအဲ့မှာဘာဖြစ်နေမလဲ သေဆုံးသွားပြီလား ဆေးရုံမှာကိုမာ၀င်နေမှာလား ။"လောင်ရှောင်း "
လောင်၀မ်ကသူ့နောက်ကျောကနေမှီလို့ ပုခုံးပေါ်ခေါင်းလေးလာတင်သည်။
"ဘာတွေစဉ်းစားနေတာလဲ"
"ဘာမှမဟုတ်ပါဘူး လောင်၀မ်ရဲ့ ဒီအတိုင်း...ညကျရင် ကလေးတွေကို ပွဲတော်လိုက်ပို့ပေးမလားလို့"
"ပွဲတော်ပို့ပေးမဲ့အစား မားတို့အိမ်ပို့ထားလိုက်ပါလား"
လောင်၀မ့်စကားကိုကြားပြီး ရှောင်ကျန့်မျက်စောင်းထိုးလိုက်သည် အလကား ကလေးတွေကိုမားတို့အိမ်ပို့ပြီး သူကကျားလိုပဲခုန်အုပ်ပြီးစားမဲ့ အကြံမသိတာကျလို့ ။
"အဲ့နှာဗူးစိတ်မကုန်သေးဘူးလား "
"ကိုယ့်ယောကျာ်းကိုယ်ဗူးတာပဲဘာဖြစ်လဲ"
"လောင်၀မ်.....လောင်၀မ်ပြောသလိုပဲလေ...ဒီညကလေးတွေကိုမားတို့အိမ်လွှတ်ထားလိုက်မယ်လေ...."
"အင်း....အပြင်မှာမားတို့လည်းရှိနေတယ် ခနနော် တစ်ခါထဲ
ခေါ်သွားဖို့ကိုယ်သွားပြောဦးမယ်"ကလေးတွေကိုပို့မယ်လို့ပြောလိုက်တာနဲ့တက်ကြွတဲ့ကြက်ဖ
ဖြစ်နေလေပြီ ရှောင်ကျန့်က လက်ကိုအသာလေးပြန်ဆွဲလို့
ပြန်ထိုင်ခိုင်းလိုက်တယ်။"နေပါဦး....ကျန့်ကျန့်ပြောမဲ့စကားမကုန်သေးဘူး"
"အင်းပြော"
"ဒီနေ့က ကျန့်ကျန့်မွေးနေ့ဆိုတော့လေ...ကျန့်ကျန့်အပေါ်မှာ
နေကြည့်ချင်လို့သိလား ""......"
"လောင်၀မ်နော်....ကျန့်ကျန့်ကိုချစ်ရင်လိုက်လျောရမယ်လေ
ဘာလဲအချစ်တွေလျော့သွားပြီမှတ်လား....ဟက်! အေးပေါ့လေ ကလေးသုံးယောက်အဖေ အသက်ကလည်း၃၀ကျော်နေပြီဆိုတော့လည်း ဘယ်ချစ်တော့မလဲ"