စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 29
-------------
နန်းတော်မှာတော့ မင်းကြီးကတစ်နေ့သုံးကြိမ် ဘိုးဘွားခန်းထဲမှာ သူ့အမေကိုထိုင်ကန်တော့နေသည် သူ့အမေရဲ့အစိတ်အပိုင်းတစ်ခုကိုလည်း မှန်ဘောင်ကြီးချပြီးတော့
အရှေ့မှာနာမည်တောင်ထိုးထားသေးတယ် ။ရှောင်ကျန့်လည်း နန်းတော်လာတိုင်း ဒီမီးသွေးတုံးကိုပဲ
လာကြည့်နေရသည် မင်းကြီးကအမြဲတမ်းနန်းတော်ကို
လာတဲ့ သူနဲ့ခင်မင်တဲ့သူတွေကို ဒါပဲပြတယ် အဲ့တာမီးသွေးတုံးကြီးလို့ပြောချင်ပေမဲ့လည်း နယ်နှင်ဒဏ်ပေးခံရမှာစိုးတာကြောင့်တိတ်နေလိုက်သည်။"လောင်၀မ်သိလား"
"ဘာကိုလဲ"
"မင်းကြီးကရီရတယ်နော်"
"....."
"မီးသွေးတုံးကြီးကိုပဲကြည့်ပြီး နေ့တိုင်းသုံးကြိမ်သုံးခါ
ကန်တော့နေတာ ""...."
"ဒါပေမဲ့လည်း သနားစရာလေးပါ ကျန့်ကျန့်လုပ်မိလို့ သူအဲ့လိုဖြစ်နေရတာ"
"ကိုယ့်အပြစ်ကိုယ်သိပြီးတာပဲလေ"
"လောင်၀မ်မတိုင်နဲ့နော်..."
"အင်း"
"သွားတိုင်ရင် ကျန့်ကျန့်နယ်နှင်ဒဏ်ပေးခံရမှာ အဲ့အခါကျရင် ကျန့်ကျန့်ကလောင်၀မ်နဲ့ဝေးရမှာ"
"...."
"လောင်၀မ်က ကျန့်ကျန့်ကိုချစ်တယ်မှတ်လား အဲ့တော့မတိုင်နဲ့နော်...နော်..."
"ကိုယ့်ပါးကိုနမ်း"
ရှောင်ကျန့်က မျက်စောင်းလေးထိုးလို့ ပြုံးစိစိနဲ့လောင်၀မ့်ပါးကိုနမ်းလိုက်သည် ။
"ဒီဘက်ရော..."
"မွှ..."
"နဖူး မေးစေ့ နှာခေါင်း နှုတ်ခမ်း"
ရှောင်ကျန့်က လောင်ဝမ်ပြောတဲ့အတိုင်းလိုက်နမ်းသည်
ပြီးတော့ လောင်၀မ့်ပုခုံးပေါ်မှီခေါင်းလေးမှီ
လိုက်တယ် ။"တိုင်စရာလား....ကိုယ့်လောင်ဖောကို"
"ကျန့်ကျန့်ကအပြစ်မရှိဘူးမှတ်လားဟင်"