Part 14 🦁🐰

1.7K 156 5
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 14
----------------
'အတုမရှိ အနှိုင်းမဲ့သော ကျောက်စိမ်းစစ်စစ်များရမည်'

ဆိုင်ရဲ့ဂုဏ်ပုဒ်ကြီးကို ကြည့်တာနဲ့ ကျောက်စိမ်းအစစ်တွေပဲ
ရောင်းမှန်းသိလိုက်ရပါပြီ မိဘတွေက ကျောက်စိမ်းဆိုဒီမှာ
အစစ်ရတယ်ဆိုလို့ လွှတ်လိုက်တာပင် ။

*ကျွီ....*

"ကြိုဆိုပါတယ် လူကြီးမင်း"

တံခါးဖွင့်လိုက်တာနဲ့ လေသံခပ်အေးအေးကိုကြားလိုက်ရသည် ကြည့်လိုက်တော့ ပြတင်းပေါက်ဘေးနားမှာ ကျောက်စိမ်းတွေကို အသေအချာလေး လက်စွပ်ဖြစ်အောင်လို့ လုပ်နေသောလူပင် ဘေးနားမှာလဲ ကျောက်စိမ်းအပိုင်းအစတွေကပြန့်ကျဲလို့ ။

"ဘာများအလိုရှိပါသလဲ"

"ကျောက်စိမ်း...လက်စွပ်လိုချင်တယ်...."

"ကျေနပ်စွာနဲ့ပြပေးရတာပေါ့..."

"...."

ထိုလူကဗီရိုထဲကနေ ဗူးခပ်ကြီးကြီးကိုထုတ်ကာ စားပွဲပေါ်တင်ပြီးသူ့ကိုလက်ယပ်ခေါ်သည်။

"ဒါတွေက အခုတလော ‌ကျုပ်ဒီဇိုင်းအသစ်တွေပါ လူကြီးမင်း"

"...."

ရွှေလက်စွပ်တွေလိုမျိုး ပုံစံဖော်ထားတာပင် အသေးစိတ်ပြုလုပ်ထားတာကြောင့် အတော်လေးလှတယ် ဒါပေမဲ့
ရှောင်ကျန့်က ယောကျာ်းလေးဆိုတော့ ဒီလိုမျိုးတွေကြိုက်မှာမဟုတ်ဘူး။

"ဒါတွေမလိုချင်ဘူး ရိုးရိုးရှင်းရှင်း ပုံစံပြပေး"

"လူကြီးမင်းရဲ့ လောင်ဖော၀တ်မှာမဟုတ်လား"

"အင်း"

"အဲ့တာဆို မိန်းကလေးတွေရဲ့အကြိုက်ဒီဇိုင်းတွေကဒါ‌ပဲလေ
လူကြီးမင်းရဲ့"

"မဟုတ်ဘူး ကျုပ်လောင်ဖောက ဒီလိုတွေမကြိုက်ဘူး"

"လောကမှာ အဲ့လိုမျိုးမိန်းကလေးလဲရှိတာပဲလား"

"ကျုပ်လောင်ဖောကယောကျာ်းလေး"

"....."

ထိုလူကကြောင်သွားကာ ခဏတာလောက်တိတ်ဆိတ်သွားသည် ပြီးတော့မှ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ထိုဗူးကြီးကိုသိမ်းကာ
နောက်ထပ်တစ်ဗူးထုတ်လိုက်ပြီး သူ့ရှေ့လာချပြန်သည်။

စစ်သူကြီးကတော်ဖြစ်လာခြင်းOnde as histórias ganham vida. Descobre agora