Part 24 🦁🐰

1.6K 140 3
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 24
___________
ရှောင်ကျန့်မှာ ကြမ်းပြင်ပေါ်လှဲလို့ ဒူးတစ်ဖက်ထောင်ပြီး
ပါးစပ်ကလည်းမုန့်ကိုဝါးလို့မျက်လုံးမှိတ်ထားသည်
သူ့ရဲ့ပျင်းစရာကောင်းတဲ့ယောကျာ်းကတော့ ဘေးနားမှာစာအုပ်ထိုင်ဖတ်နေလေရဲ့ ။

"ပျင်းလိုက်တာနော်...."

"ပျင်းရင်စာ.."

"ရည်းစား‌လေးရှိရင်ကောင်းမှာပဲ"
(A/N လာပါ ကိုကိုတွဲရအောင် 😌🫶)

"ဘာပြောတယ်"

"ရည်းစားလေ...ကျန့်ကျန့်နဲ့အတူတူအချိန်တွေကုန်ဆုံးမယ်
မုန့်လည်းအတူတူစားမယ် နေ၀င်ချိန်လဲထိုင်ကြည့်မယ်
လျှောက်သွားမယ်"

ရှောင်ကျန့်ပြောတဲ့အချက်တွေနဲ့တော့ လုပ်ပေးပါရဲ့ မလုပ်တာဆိုသူပဲရှိတာ တစ်ခါထဲ သူ့မုန့်လေးတစ်ခုထဲစားမိတာကို
ကောက်တာမပြီးတော့ဘူး နေဝင်ချိန်ဆိုပြန်တော့လည်း
သူက‌နေစဝင်ထဲက
ရေချိုးခန်းထဲ၀င်နေတာ နေဝင်ပြီးမှပြန်ထွက်လာတယ် ။

"ကိုယ်ကရော..."

"ဟွန်း...လောင်၀မ်က ကျန့်ကျန့်လင်လေ ရည်းစားမှမဟုတ်တာ"

"လင်ယောကျာ်းကလည်း...ရည်းစားပဲလေ"

"မဆိုင်ဘူးလေ....ကျန့်ကျန့်နဲ့ လောင်၀မ်နဲ့က ရည်းစားလည်းမဖြစ်ပဲနဲ့ ညားသွားတာလေ"

"...."

"အဲ့တာကြောင့်မို့ ရည်းစားဘ၀လေးလိုချင်လို့ "

"...."

"လောင်၀မ် လုပ်ပေးမယ်မှတ်လားဟင်"

"အင်း....လုပ်ပေးမယ်"

သဘောတူလိုက်တာနဲ့ ရှောင်ကျန့်ကပြုံးကာထလာပြီး
သူ့ဘေးနားလာထိုင်သည် ။

"အဲ့တာဆိုအခုကနေစပြီး လောင်၀မ်ကကျန့်ကျန့်ရည်းစားပဲ
လင်မယားမဟုတ်ဘူးနော်  ဒီနေ့တစ်နေ့လုံးလောင်၀မ်နဲ့ကျန့်ကျန့်နဲ့က လင်မယားမဟုတ်ဘူး ရည်းစားပဲ"

"အင်း"

"အဲ့တာဆို ကျန့်ကျန့်အိမ်ပြန်လိုက်ဦးမယ်"

"ဘာဖြစ်လို့လဲ"

"အိုက်ယား...လောင်၀မ်ကလည်း ရည်းစားတစ်ခါမှမထားဘူးမှန်းသိသာတာပဲ အခြားရည်းစားတွေကြည့်ပါလား ချိန်းတွေ့ချင်ရင် အိမ်ထိလာလာခေါ်တာပဲကို အခုကျန့်ကျန့်ကစစ်သူကြီးအိမ်တော်မှာဆိုတော့ လောင်၀မ့်ကိုလာခေါ်တာနဲ့တူနေပြီ"

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now