စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 17
____________
'၀မ်မျိုးရိုးအိမ်တော်'ရှောင်ကျန့်ရပ်ကာကြည့်နေလိုက်သည် ယောက္ခမတွေက
ခေါ်လို့လာတာပင် လောင်၀မ်တော့မပါခဲ့ဘူး ရွှေတုံးခြောက်တုံးလည်းမပေးရသေးဘူး အကျင့်ပုတ်ကြီး။"ကျန့်ကျန့်ရောက်လာပါပြီ"
"အေးအေး...သားကျန့်လေးကိုအမေကပေးစရာရှိလို့ကွဲ့"
"ဘာများလဲဟင်....အမွေလား"
"အဲ...အဲ့လိုမျိုးပဲပေါ့"
"တကယ်!....လယ်ဧကဘယ်နှဧကလည်း ရွှေတွေကရော
ဘယ်လောက်လဲ ""ဟို...ဒါလေးပေးမလို့ပါကွယ်..."
"...."
ရှောင်ကျန့်ရှေ့ကိုဗူးလေးထိုးပေးကာဖွင့်ကြည့်လိုက်တော့
ဆံထိုးတစ်ခုပင် ဘာလုပ်ရမှာလဲ လောင်၀မ်ပေးထားတာလည်းရှိတာပဲကို။"အမေ့ရဲ့ အမေကဒါလေးကိုမျိုးရိုးလက်ဆင့်ကမ်းခိုင်းတာ
မိသားစုအမွေပေါ့""အော်....အင်းအင်း...ကျေးဇူးပါ..."
ဆံထိုးလေးက ကျောက်စိမ်းနဲ့လုပ်ထားတာဖြစ်ပေမဲ့လက်ရာကသေသပ်လွန်းသည် သူဆံထိုးတွေထိုးရတာသိပ်မကြိုက်ပေမဲ့လည်းထိန်းသိမ်းရတာပေါ့ ။
တစ်နေ့တစ်နေ့ အိမ်တော်ရယ် နန်းတော်ရယ် ယောက္ခမအိမ်
မိဘအိမ် ဒါတွေကိုပဲလှည့်ပတ်သွားလာနေရတာ ပျင်းတယ်
လောင်၀မ်ကလည်း သိပ်လိုက်မပို့ပေးဘူး ဒီခေတ်မှာသာ
Bus ကားရှိနေမယ်ဆိုရင် နေရာစုံသွားမိမှာအမှန်ပင် ။ရှောင်ကျန့်အိမ်တော်ကိုပြန်လာတော့ အိမ်၀မှာတင် အမျိုးသမီးတစ်ယောက်နဲ့ လောင်၀မ်ကစကားတွေတရီတမောပြောလို့ အမျိုးသမီးလေးကခပ်ငယ်ငယ်ပဲ ချစ်ဖို့ကောင်းတယ် ရှောင်ကျန့်မျက်ခုံးတွေတွန့်ချိုးသွားတယ် သူ့၀မ်ကိုလာလာလုနေကြတာ နှစ်ယောက်သုံးယောက်မကတော့ဘူး။
"ဒီမယ်!...ဘာလုပ်နေကြတာလဲ!.."
"စကားပြောနေတာလေ "
"စကားပြောတာတော့သိတာပေါ့ ဒီလောက်ထိနီးဖို့လိုလို့လား"
စစ်သူကြီး၀မ်နဲ့ထိုအမျိုးသမီးကြားမှာ လူတစ်ယောက်စာ၀င်နေလို့ရတယ် အဲ့တာကိုနီးကပ်သည်တဲ့လေ။