Part 31 🦁🐰

1.6K 135 7
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 31
_____________
မုန့်ပန်းကန်မျိုးစုံနဲ့ ကြာခွက် ထည့်ထားသော ခြင်းက ထိုကလေးတွေရဲ့အရှေ့မှောက်မှာ ကျန်းရွမ်ကတော့ ကြာစေ့
လေးတွေကိုခွာပေးနေတယ် ဟိုကလေးလေးနှစ်ကောင်ကလည်း သူ့လောင်၀မ်နားမှာပဲနေနေတာ သူ့မုန့်တွေလည်းလာစားသေးတယ် သူ့လောင်၀မ်ကိုလည်းလုထားသေးတယ်။

"ဦးဦး၀မ်....စားကြည့် ကောင်းတယ်"

ရှင်းရှင်းက ကြာစေ့ကိုယူလို့ စစ်သူကြီး၀မ်ကိုခွံ့ကျွေးတယ်
လောင်၀မ်ကလည်းခွံ့ကျွေးတာကိုစားလို့ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့
ထောက်ခံသည် ။

"အဲ့တာ မားမား ခွာကျွေးလို့ ကောင်းတာ"

"ဟွန့်!..."

ရှောင်ကျန့်ကအသံထွက်ပြလို့တစ်ဖက်လှည့်သွားတယ်
မျက်နှာကလည်းစူပုတ်ပုတ် မကြာပါဘူးဒီဘက်ပြန်လှည့်လာသည်။

"အဲ့တာ ငါ့ကြာခွက်တွေ ငါစိုက်ထားလို့ကောင်းတာ"

"ဟုတ်ဘူး...မီးမီးတို့မားမား ခွာပေးလို့ကောင်းတာ"

"ဟွန့်!....မင်းတို့မားမားက ခွာပဲခွာတတ်တာ ငါကစိုက်ပေးထားရတာ "

"ဟုတ်ဘူး!!"

"ဟုတ်တယ်!"

ကလေးနှစ်ကောင်နဲ့ပြိုင်ငြင်းနေသော ရှောင်ကျန့်ပါပေ ။

"တော်ပြီနော်...ဖွားဖွားအိပ်နေတယ် သမီးတို့ ဦးဦးရှောင်ကျန့်ကို မစနဲ့တော့ "

""မားမားကလည်း""

ကလေးတွေကငြိမ်သွားလို့ ရှောင်ကျန့်ကို အသာလေးမျက်လုံးလေးစွေ့ကြည့်သည် ရှောင်ကျန့်က အနိုင်ရတဲ့အပြုံးကြီးပြုံးကာ ပြောင်ပြတယ် ။

"ဦးဦး၀မ်...ချီ"
"မီးမီးကိုရောပဲ"

"ဟုတ်ပါပြီ...လာ.."

ကလေးတစ်ယောက်တစ်ဖက်စီကို ချီလို့ မတ်တပ်ရပ်လိုက်သည် က‌လေးတွေကစစ်သူကြီး၀မ်ရဲ့ ပုခုံးတစ်ဖက်စီမှာ
မှီလို့ ရှောင်ကျန့်ကို ကြည့်နေလိုက်တယ် ။

"ဦးဦး၀မ်က မီးမီးတို့ကို အရမ်းချစ်တာ...နော်...နော်"

"ဟုတ်တာပေါ့"

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now