Part 2 🦁🐰

2.4K 164 5
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 2
------------
နေ့လည်ပိုင်းရောက်တော့ ရှေးခေတ်အယူအဆလားတော့
မသိ လက်ထပ်ပြီးတာနဲ့ မိဘတွေစီသွားရောက်ဂါ၀ရပြုရတယ် ရှောင်ကျန့်ကို၀တ်စုံအပြည့်၀တ်ဆင်ပေးလို့ လှည်းပေါ်ခေါ်တင်သွားတယ် ‌သူလှည်းထဲရောက်ပြီးမကြာလိုက်
မနေ့ကမှလက်ထပ်ထားသော‌ယောကျာ်းကလာထိုင်သည်။

"ခင်ဗျား လိမ်လို့ရမယ်မထင်နဲ့နော်"

"ဘာကိုလိမ်လို့လဲ"

"ခင်ဗျားပဲလေ ကျန့်ကျန့်နဲ့မကွာရှင်းချင်လို့မှတ်လား ကိုယ့်ကိုယ်ကိုယ် စစ်သူကြီးအယောင်ဆောင်နေတာ အစေခံတွေကို
လည်း ကျန့်ကျန့်ကို စစ်သူကြီးကတော်ဆိုပြီးတော့ ခေါ်ခိုင်းတယ်"

"...."

"ကျန့်ကျန့်ကိုလာလိမ်လို့မရဘူးနော်...လိမ်ရဲလိမ်ကြည့် ဟွန့်..."

"ထင်ချင်သလိုသာထင်"

"ဒါနဲ့ ခင်ဗျားနာမည်ကဘယ်သူလဲ"

"...."

"ဘာလို့ဘာမှပြန်မပြောတာလဲ"

"မပြောချင်ဘူး"

"နာမည်ကမလှလို့မှတ်လား ကျန့်ကျန့်နားလည်ပါတယ်
ဒါကရှက်စရာမှမဟုတ်တာ ဘာပဲဖြစ်ဖြစ်ခင်ဗျားကနာမည်
မပြောပြဘူးဆိုတော့လည်း...ခင်ဗျားကို....ရေခဲတုံးလို့ခေါ်မယ်"

"...."

"ကျန့်ကျန့်နာမည်ကတော့...အရမ်းချော အရမ်းချစ်ဖို့ကောင်းတဲ့ ရှောင်ကျန့်ပါဗျ"

"အင်း"

"ရေခဲတုံး မနက်ကဘယ်သွားတာလဲဟင် လိုက်ရှာတာမရှိဘူး"

"နန်းတော် စစ်ရေးလေ့ကျင့်တဲ့နေရာ"

"ဟာ...နန်းတော်ထဲကိုလား"

ရှောင်ကျန့်စိတ်၀င်စားသွားသည် နန်းတော်ထဲတောင်မှလား
ဒါနဲ့ စစ်ရေးလေ့ကျင့်တဲ့နေရာမှာ ဘာလို့သွားတာလဲ။

"ဘာရာထူးရှိလဲဟင်"

"သိအောင်ကြိုးစား"

"သာမာန်တပ်သားလေး မဟုတ်လား ပြောဖို့မရှက်ပါနဲ့ ကျန့်ကျန့်နားလည်ပါတယ်"

စစ်သူကြီး၀မ်ရဲ့ ပုခုံးကိုခပ်ဖွဖွလေးပုတ်လို့ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ သူနားလည်ပါတယ် ဆိုပြီး အားပေးနေသယောင်။

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now