Part 6 🦁🐰

2.1K 162 6
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 6
__________
ရှောင်ကျန့်တစ်ယောက်ယိုင်တိယိုင်ထိုးနဲ့ အိပ်ယာ‌ကနေ
ထလာသည် မနေ့က အတော်လေးသောက်ခဲ့တာပဲ ခေါင်းတစ်ချက်ခါကာ အပြင်ထွက်လာသည်။

"စစ်သူကြီးကတော် နိုးလာပြီလား အဆင်ပြေရဲ့လား"

"အင်း...ခေါင်းနည်းနည်းကိုက်နေတယ်"

"အမူးပြေ စွပ်ပြုတ်လေးလုပ်ပေးမယ်နော် ခဏလောက်ထိုင်နေပါ"

"အင်း..."

ခေါင်းအတော်လေးကိုက်နေတာကြောင့် လသာဆောင်က
ထိုင်ခုံပေါ်မှာထိုင်လို့ ဘေးနားကခုံပေါ်ခေါင်းချလိုက်သည်
ဘာတွေဖြစ်သွားတာလဲ...ခေါင်းကိုက်နေတာပဲသိတယ်။

"ဟင့်!...ခေါင်းကိုက်တယ်...ခေါင်းကိုက်တယ်လို့!"

မျက်နှာကိုလက်နဲ့ပွတ်လိုက်တော့ နှာခေါင်းထဲ၀င်လာတဲ့
အမွှေးနံ့သာတွေ သူ့လက်ဖဝါးကိုသူပြန်နမ်းကြည့်တော့မှ
အမွှေးနံ့တွေများ မွှန်ထူနေတာပဲ သူမူးပြီးတော့များ အမွှေးရည်ကန်ထဲလက်သွားစိမ်မိတာများလား။

"စစ်သူကြီးကတော်...ဒီမှာပါ အိမ်တော်ထိန်းကြီးကစွပ်ပြုတ်လေးလာပေးခိုင်းလို့ပါ
ပူပူနွေးနွေးလေးမို့သောက်လိုက်ပါ...ဒါကတော့ခေါင်းကိုက်ပျောက်ဆေး"

"အင်း..."

"ခိုင်းစရာရှိရင်ခေါ်လိုက်ပါဦးနော် ကျွန်မအလုပ်သွားလုပ်ပါဦးမယ်"

"နေဦး..."

"ဟုတ်ကဲ့"

"ငါ့ယောကျာ်းရော"

"စစ်သူကြီးက စစ်ခုံရုံးမှာ အလုပ်ရှုပ်နေတယ်လို့ကြားပါတယ်"

"အော်....သွား‌တော့ ရပြီ"

"ဟုတ်ကဲ့"

ရှောင်ကျန့်ခေါင်းကိုတောင်အနည်းငယ်ပဲထောင်လို့ တစ်ဇွန်းချင်းဖြည်းဖြည်းလေးသောက်နေလိုက်သည် ခေါင်းကိုက်ပျောက်‌ဆေးဆိုလဲအရည်ကြီးပဲ ခါးမယ်ထင်သည် နှာခေါင်းပိတ်ကာ တရစပ်သောက်ချလိုက်တော့တယ် ။

"ထွီ...ဝေါ့...ခါးလိုက်တာ"

အချိန်အားဖြင့်ညနေစောင်းလောက်ရှိနေလေပြီ ခဏလောက်လသာဆောင်မှာပဲနေကာ နေသာထိုင်သာရှိအောင်လို့ရေချိုး
လိုက်တော့တယ် ။

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now