Part 8🦁🐰

2.1K 159 6
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 8
__________
ပုံမှန်အတိုင်း ညစာစားပြီးလို့ အိမ်ရှေ့
မှာစာထိုင်ဖတ်နေသည် ရှောင်ကျန့်ကသူ့စီလာတာကို ပြတင်းပေါက်ကနေ
တွေ့မြင်လိုက်ရတယ် ဘာတောင်းဆိုဖို့များလာတာပါလိမ့်။

"၀မ်!! "

"....."

"ဒီမှာရှိနေတာပဲကို"

"ဘာလဲ"

"ဒါလေး...."

ပန်းကန်ထဲမှာ မုန့်လေး ၅ခုလောက်ကိုသူ့စီယူလာပေးတယ်
ရှောင်ကျန့်ကဘယ်ဆိုးလို့လဲ သူ့ကိုသိတတ်သားပဲ ပန်းကန်ကိုယူဖို့အတွက် လက်လေးလှမ်းလိုက်တာနဲ့ ရှောင်ကျန့်အပြောကြောင့် ရပ်တန့်သွားသည်။

"ကျန့်ကျန့်စားနေတာ မကုန်တော့လို့ လာကျွေးတာ"

"....."

"ဒီကမုန့်တွေက မင်းကြီးစားတဲ့မုန့်လောက်တောင်မှ
အရသာမရှိဘူး"

"မင်းကြီးစားမဲ့မုန့်တွေကို မင်းစားခဲ့တာလား"

"ဟို....ကျန့်ကျန့်ဗိုက်ဆာလို့လေ...အဲ့တာတစ်ခုနှစ်ခုလောက်နှိုက်စားမိတာ "

"...."

"အဲ့တာမင်းကြီးမသိသွားဘူးမှတ်လားဟင်"

"အင်း"

"မင်းကြီးသိသွားရင်လည်း ၀မ်က ကာကွယ်ပေးပေါ့ နော်...
ဒီလိုလေ...မင်းကြီး...ကျွန်တော်မျိုးရဲ့ယောကျာ်းကမုန့်လေး
နည်းနည်းစားမိလို့ခွင့်လွှတ်ပေးပါ အဲ့လိုမျိုးလေးပြောနော်"

"ကိုယ့်ဘာသာကိုယ်ပြော"

"၀မ်ရိပေါ်က ကျန့်ကျန့်ယောက်ျားပဲလေ အဲ့တော့ကာကွယ်ပေးရမဲ့တာ၀န်ရှိတယ်လေ "

"မင်းတာ၀န်တွေကရော"

"ကျန့်ကျန့်တာဝန်တွေလား အိပ်မယ် စားမယ် သုံးဖြုန်းမယ်
ဟိုနားဒီနားလျှောက်သွားမယ် ဒါပဲလေ"

"သုံးဖြုန်းမယ်ဆိုတော့ မင်းမှာပိုက်ဆံရှိလို့လား"

"ပိုက်ဆံမရှိပေမဲ့လည်း ၀မ့်စီကနေရတယ်လေ ၀မ်ကမပေးရင်လည်း ကျောက်စိမ်းခါးစည်းဆွဲပြားလေးရှိတယ်လေ
အဲ့တာလေးပြပြီးတော့ ယူခဲ့မှာပေါ့ နောက်တော့မှ၀မ်ကလိုက်ရှင်းပေါ့ အဲ့တာ၀မ့်ရဲ့တာဝန်တွေပဲလေ"

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now