Part 22 🦁🐰

1.6K 140 7
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 22
------------
"တပ်သားတွေအကုန်လုံးအဆင်ပြေကြပါတယ် မင်းကြီး"

"အေးအေး မင်းလက်ထဲအပ်ထားတာပဲ ငါကိုယ်တော်စိတ်ချပါတယ်"

မင်းကြီးကိုတင်ပြစရာရှိတာတင်ပြပြီးနောက် စစ်ရေးလေ့ကျင့်ရာဘက်သို့ စကားပြောရင်းနဲ့လမ်းလျှောက်လာသည် ။

"တပ်သားတွေအကုန်လုံးလဲ သူတို့တာဝန်သူတို့သိပြီး အခုလောက်‌ဆိုလေ့ကျင့်နေကြပြီ ဘယ်သူ့မှအလေလိုက်ပြီး‌
ပျော်နေမှာမဟုတ်ပါဘူး"

"စစ်သူကြီး၀မ်ရိပေါ်ရာ နည်းနည်းပါးပါးနားပါဦးလား"

"...."

"တပ်သားတွေကဒီလောက်လေ့ကျင့်နေမှတော့ ငါကိုယ်တော်လည်းကြည့်..."

စကားလည်းပြောရင်းနဲ့တံခါးဖွင့်လိုက်သည် တပ်သားတွေအကုန်လုံးက ထိုင်နေကြကာ အရှေ့ကပွဲကိုကြည့်နေကြသည်။

"ကန်လေကွာ!..."

"ဂိုးသွင်းလိုက်!"

တစ်ဖက်ကငါးယောက်ချင်းစီ ဘောလုံးကိုလိုက်လုလို့ကန်
နေကြတယ် ရှောင်ကျန့်ကတော့ စားပွဲခုံကြီးချလို့ ထိုင်ကာ
အားပေးနေတယ် နေပါဦး ဒီဟာလေးဘာလုပ်ပြန်ပြီလဲ။

"ဘာတွေလုပ်နေကြတာလဲ"

"မင်းကြီး..."
"မင်းကြီး..."

မင်းကြီးရောက်လာတာနဲ့အကုန်လုံးကထလို့ ဦးညွှတ်ကြသည်
ကန်နေတဲ့သူတွေလည်း ကန်လက်စကိုရပ်လို့ မင်းကြီးဘက်လှည့်ကာဦးညွှတ်လိုက်သည် အဲ့ထဲမှာရှောင်ကျန့်မပါ။

"ဘာလဲဟာ ပွဲကြီးပွဲကောင်းကိုဖြတ်တယ်ဆို!"

"ဒါကဘာတွေလဲရှောင်ကျန့်"

"လောင်၀မ်! လာပြီလား အားပေးပါဦး မင်းကြီးလည်းပါတာပဲကို"

"စစ်သူကြီးကတော်က ဘာတွေလုပ်နေတာလဲ"

"ဘောလုံးကန်ခိုင်းတာလေ မင်းကြီးရဲ့ အရမ်းပျော်ဖို့ကောင်းတယ် မင်းကြီးလည်းလောင်းမလား "

"အေး..ကောင်းတယ် "

"အသင်းလေးရွေးဦး"

"ရှောင်ကျန့် မင်း.."

စစ်သူကြီးကတော်ဖြစ်လာခြင်းWhere stories live. Discover now