အပိုင်း(၁)

14.3K 368 3
                                    

Unicode

သခင်။သခင်တဲ့။သခင်ဆိုလို့ကိုယ်ဟာသူ့ရဲ့အစေအပါးတော့မဟုတ်ပြန်ဘူး။
သခင်ဆိုတာမိမိတစ်ယောက်တည်းသာခေါ်တဲ့နာမည်နာမတစ်ခု။မိမိထက်၆နှစ်ကြီးတဲ့သူကိုသခင်ဟုသာ‌ခေါ်တွင်ခဲ့မိသည်။
သခင်ဆိုတဲ့ အမည်နာမကို နှလုံးသား၏စေခိုင်းမှု အရခေါ်တွင်ခဲ့မိသည်။
မည်သူတစ်ဦးတစ်‌ယောက်ကမှသခင့်ကို သခင်ဟုမခေါ်ခဲ့ကြပါ။
မိမိတစ်ယောက်တည်းကသာခေါ်ခဲ့သော တစ်ဦးဆိုင်နာမ်လေးဖြစ်၏။
နာမည်စီးသွားသည်ထင်ပါရဲ့။အဲ့ဒီနာမည်ကမိမိတစ်ဘဝလုံးကိုသခင်တစ်ယောက်လိုစိုးမိုးနေခဲ့‌တော့သည်။
ကိုယ်တိုင်ကိုကကျေကျေနပ်နပ်နဲ့အစိုးမိုးခံချင်မိခဲ့တာပါ။

သခင့်ရဲ့နာမည်အပြည့်စုံက
လွန်းညသခင် ....

*****

"ဖေဖေ..သမီးသခင့်ဆီသွားမလို့"

ခွင့်တောင်းခြင်းမဟုတ်။အသိပေးခြင်းသာဖြစ်သည်။အမှန်ဆိုလင်းက‌ဖေဖေမလွှတ်လည်း သွားမှာပဲဖြစ်၏။သခင်နဲ့ပတ်သက်ရင်ကိုယ့်ရဲ့အသိစိတ်‌တွေက ထိုအချိန်ကတည်းကပျောက်ပျောက်သွားခဲ့တာပါ။အတွေးထဲမှာသခင်သာပထမ။သခင်သာဒုတိယ။သခင်သာတတိယဖြစ်‌နေခဲ့ခြင်းပါ။

"‌သမီးလေး လွန်းလေးဆီသွားမယ်ဆိုလိမ်လိမ်မာမာနေနော်"

ဖေဖေ့အပြောအားလင်းနှုတ်ခမ်းလေးစူလိုက်မိသည်။

"ဖေဖေကလည်း လင်းကသခင်အပေါ်ဆိုဘယ်တုန်းကဆိုးဖူးလို့လဲ..သခင်ကသာ လင်းကိုအနိုင်ယူတာပါနော်"

"ဟဟ..အေးပါသမီးရယ်..ဒါဆိုလည်းသမီးလေးကပဲအလျှော့ပေးပေါ့ကွယ်"

"ဖေဖေမပြောလည်း လင်းကအလျှော့ပေးပြီးသားပါ...သွားတော့မယ်ဖေဖေ"

လင်းကဟိုဘက်ခြံနဲ့ဒီဘက်ခြံလေးတင်ကိုစက်ဘီးလေးနှင့်ကူးနေကျဖြစ်၏။အခုလည်း‌ဖေဖေ့ကိုစက်ဘီးပေါ်တက်ရင်းအမြန်အော်ပြောသွားခြင်းဖြစ်သည်။

"သခင်"
လင်းခေါ်လိုက်တော့စာတွေအသည်းအသန်
ရေးနေသောသခင်ကမော့ကြည့်လာ၏။

လင်းဆိုတဲ့၁၃နှစ်အရွယ်ကောင်မလေးကထိုအချိန်တွေကတည်းကရင်ခုန်နေတတ်ခဲ့တာ။သခင့်ရဲ့မျက်ဝန်းညိုညိုတွေမှာပျော်ဝင်နေခဲ့တာ။
အချစ်ကိုခံစားဖို့ငယ်လွန်းသေးတဲ့အရွယ်ဖြစ်တာကြောင့်အချစ်လို့တော့အဲ့ဒီအချိန်‌တွေမှာမသိခဲ့သေးပါ။
သို့သော် သခင်တစ်ယောက်တည်းနှင့်သာသက်ဆိုင်တဲ့ခံစားချက်ဆိုတာတော့ထိုအချိန်ကတည်းကသိခဲ့ပါသည်။အခြားသူများနှင့်ဆိုကိုယ့်ရဲ့နှလုံးဟာပုံမှန်အသက်ရှုသလိုသာခံစားရသည်။သို့သော် သခင်နှင့်တွေ့ရင်တော့ထူးထူးခြားခြားအနည်းငယ်ပိုမြန်နေတတ်ခဲ့သည်။ဒါဟာ အချစ်ပါလို့ခေါင်းစဉ်တပ်ဖို့အရမ်းငယ်သေးတယ်မဟုတ်လား။တကယ်တမ်းက လင်းကိုယ်တိုင်ပင်အချစ်ပါဟုမသိခဲ့ခြင်းသာဖြစ်၏။

သခင် (Completed)Where stories live. Discover now