အိမ်ထဲဝင်လိုက်တော့ မမယုတို့ကဖေဖေနှင့်စကားပြောနေကြသည်။မမယုရည်းစားလည်းပါလာသည်။မမယုကဘယ်သွားသွားသူ့ရည်းစားကိုခေါ်လေ့မရှိပါ။ဒီနေ့မှထူးထူးဆန်းဆန်းကိုယ့်အိမ်အထိပါခေါ်လာသည်။
"မမယု"
လင်းခေါ်လိုက်တော့၃ယောက်စလုံးလင်းဆီကိုကြည့်လာကြသည်။
"လာလေ လင်း"
လင်း ဖူးမြတ်ဘေးကိုဝင်ထိုင်လိုက်၏။
"ဖူးမြတ် ကိစ္စရှိလို့လား"
လင်းတိုးတိုးေလးမေးလိုက်တာကိုမမယုကကြားသွားတယ်ထင်ရဲ့။
"ဒီနေ့မမယုမွေးနေ့လေ ဒါကြောင့်အပြင်မှာ မုန့်လိုက်ကျွေးချင်လို့"
"အာ...မမယုမွေးနေ့လား"
မွေးနေ့လို့ကြားလိုက်ပြီးကတည်းက လက်ဆောင်တစ်ခုကိုအလျှင်အမြန်စဉ်းစားနေရသည်။
"ဟုတ်တယ်လင်းလေး..အခုပဲသွားရေအာင်ေလ..အဝတ်အစားလဲဦးမလား"
"မလဲတော့ဘူး မမယု..ခြေထောက်တော့ဆေးဦးမယ်နော်..ခဏလေးစောင့်ပါဦး"
"ရတယ်လေ လင်းရဲ့..သွားဆေးချည်"
"ဟုတ်မမယု...သွားဆေးလိုက်မယ်နော်"
အဝတ်အစားက သခင့်အိမ်သွားမှာမို့ အစကတည်းကလှလှပပဝတ်စားထားသည်။မျက်နှာမှာလည်း မိတ်ကပ်လိမ်းပြီးသား။အပင်တွေရေလောင်းထားတာမို့သာ ခြေထောက်လေးနည်းနည်းပေနေခြင်းဖြစ်သည်။
ခြေထောက်ဆေးပြီးပြန်ထွက်လာတော့ မမယုရည်းစားနဲ့ဖေဖေစကားတွေပြောနေကြသည်။မမယုရည်းစားကလူချောလူခန့်ပါပဲ။သို့သော် မမယုနဲ့ေတာ့လိုက်ဖက်တယ်လို့ ခံစားလို့မရပါ။ကိုယ်ပဲ မမယုကိုနှမြောမိနေလို့လားတော့မပြောတတ်ပါ။
"မမယု သွားရအောင်လေ"
"အင်းအင်း သွားမယ်..
မာန်သွားရအောင်လေ"မမယုကသူ့ရည်းစားကိုမာန်ဟုပဲခေါ်သည်။
"သွားမယ်လေ"
ကားကကိုထက်မာန်ကားဖြစ်ဟန်တူသည်။အရင်မမယုစီးနေကျကားလေးမဟုတ်ပါ။
BẠN ĐANG ĐỌC
သခင် (Completed)
Lãng mạnသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...