အပိုင်း(၂၅)

5K 318 6
                                    

သခင်လည်းတစ်နေ့တစ်နေ့ငေးငေးငိုငိုင်နဲ့သာဖြတ်သန်းမိ‌နေသည်။သူ့ကိုအနိုင်ပိုင်းပြီးထွက်လာခဲ့ပေမဲ့ပျော်ရွှင်မှုတစ်စက်ကလေးမှမရခဲ့ပါ။
သူငယ်ချင်းကိုပြောပြမိတော့ သူ့ကိုချစ်နေတာနေမှာပေါ့တဲ့။မဖြစ်နိုင်ဘူးမလား။သခင်ကသူ့ကိုသိပ်ကိုမုန်းနေတာလေ။သခင့်မေမေကိုသေစေခဲ့တဲ့သူလေ။သခင့်ကိုငယ်ငယ်လေးကတည်းကအမေခေါ်စရာမရှိအောင်လုပ်ခဲ့တဲ့သူ။သူ့ကိုချစ်မိတယ်ဆိုရင် ကိုယ်ဟာရူးနေလို့ပဲဖြစ်မှာပေါ့။

"လွန်း"

"ဟဲ့ လွန်း"

"ဘာလဲ ဆောင်း..ဘာလို့အတင်းခေါ်နေရတာလဲ"

ကိုယ့်အတွေးနဲ့ကိုယ်မို့ဆောင်းရဲ့ခပ်စူးစူးအော်သံကြောင့်လန့်သွားမိ၏။

"နင်ကမှငါခေါ်တာမကြားတာဟ"

"ဘာလဲ"

"ထမင်းစားရအောင် ..ငါခူးပြီးပြီ"

"ငါမစားတော့ဘူး"

"မစားလို့ရမလားဟ..နင်အခုတလောအစားအသောက်ပုံမမှန်ဘူးနော်"

"ငါစားချင်စိတ်မရှိလို့ပါ"

"နင်လွမ်းနာကျနေမလား..ပြောလိုက်ရင်ကျဝန်မခံချင်ဘူး"

‌"တော်စမ်းပါဆောင်းရယ်..ငါကဘာကိစ္စသူ့ကိုလွမ်းရမှာလဲ"

"ဒါတော့လွမ်းမလွမ်းဆိုတာ နင်အသိဆုံးဖြစ်မှာပေါ့"

"ပေါက်ကရတွေ တော်စမ်းဆောင်း"

ဆောင်းကိုမျက်စောင်းထိုးလိုက်၏။ဘာမှန်းမသိဘဲ ဇွတ်ကိုထိုကလေးဆီတွန်းပို့တတ်သည်။

"အေးပါဟယ်..မပြောတော့ပါဘူး...ဒါနဲ့လေ..ဟိုနေ့ကသူ့ကိုကောင်လေးတစ်ယောက်နဲ့တွေ့လိုက်တယ်ဟ"

"ဘယ်မှာလဲ"

သေစမ်း။ဆောင်းရဲ့မချိုမချဉ်အပြုံးကြောင့်မေးမိတာမှားသွားပြီဆိုတာသိလိုက်သည်။ကိုယ်လည်း ယောင်ပြီးထွက်သွားခဲ့တာပါ။

"စိတ်မဝင်စားဘူး စိတ်မဝင်စားဘူးနဲ့..သူပဲ"

"တော်တော့ နင်မပြောချင်မပြောနဲ့ ငါကဒီအတိုင်းယောင်ပြီးမေးလိုက်မိတာ"

သခင် (Completed)Where stories live. Discover now