အပိုင်း(၁၈)

4.5K 283 5
                                    


မနက်လင်းလာလို့မျက်စိဖွင့်မိတော့ ခေါင်းတစ်ခုလုံးလေးလံထိုင်းမှိုင်းနေ၏။ညကအကြောင်းများကို ပြန်တွေးမိတော့ နှလုံးသားကနာကျင်လာရ၏။ပြန်နိုးမလာစေဖို့ဆုတောင်းခဲ့ပေမဲ့ဆုတောင်းဟာပြည့်မလာခဲ့ပါ။

မနက်ဖြန်ကျကွာရှင်းမယ်ဆိုပြီးသခင့်ကို‌မနေ့
ကပြောခဲ့ပေမဲ့ တကယ်တမ်းလက်တွေ့မှာကျ အပြီးအပြတ်ဝေးသွားရမဲ့လမ်းမို့ မဝံ့ရဲမိပြန်ပါ။သခင့်ကိုချစ်‌ပေမဲ့သခင့်အနားမှာနေရမှာကိုကြောက်လာသည်။သခင့်ကိုတွယ်ကပ်နေချင်သေးပေမဲ့ တွယ်ကပ်လို့ဘယ်လိုမှမဖြစ်နိုင်တဲ့အရာမှန်းလည်းသိခဲ့ရသည်။

သခင်သာကြယ်လေးတစ်ပွင့်ဆိုရင် ကိုယ့်ကမ္ဘာမှာဘယ်တော့မှမကြွေတော့မဲ့ကြယ်။

သခင်သာ တိမ်စိုင်လေးတစ်ခုဆို ဘယ်တော့မှ ဖမ်းဆုပ်မရနိုင်မဲ့ အခိုးအငွေ့လေးတစ်ခုသာ။

သခင်သာပန်းလေးတစ်ပွင့်ဆို ဘယ်တော့မမှမမီနိုင်တဲ့ပန်းလေးတစ်ပွင့်သာဖြစ်ခဲ့မယ်မဟုတ်လား။

သခင်သာ နွေဦးရာသီလေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်အတွက်ဘယ်တော့မှအ‌နွေးဓာတ်မပေးနိုင်တဲ့နွေဦးလေးပဲ။

သခင်ဟာထိုကဲ့သို့‌သောဖြစ်တည်မှုတွေနဲ့ကိုယ့်ဆီကိုဘယ်တော့မှ ရောက်မလာတော့မဲ့ သက်ရှိကလေးတစ်ခုပါပဲ။

ဒါပေမဲ့ ပေါ့။ချစ်ရပါတယ်သခင်။ထာဝရပေါ့။

***

"ဖေဖေ"

"သမီးလေးရောက်နေတယ်ဆိုပြီးဖုန်းဆက်လို့ဖေဖေပြန်လာတာ"

ဖေဖေကသူ့လက်ဆွဲအိတ်ကလေးကိုချရင်း လင်းနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။

"အလုပ်ဆင်းချိန်မှပြန်လာလည်းရပါတယ်ဖေဖေရယ်"

"အလုပ်ကသိပ်ပြီးအရေးမကြီးပါဘူးသမီးရယ်...ကဲ သမီးလေးကဖေဖေ့ဆီလာတာ အကြောင်းရှိလို့လား"

"ဖေဖေ မမဇွန်ကို တမင်လွှတ်ထားမှန်းလင်းသိပြီးသားပါဖေဖေ"

"ဟေ"

ဖေဖေကအံ့ဩသွားတာနဲ့တူပါရဲ့။တကယ်တော့ လင်းလည်းသိတာသိပ်မကြာသေးပါ။အဲ့ဒီနေ့က မမဇွန် ဖုန်းပြောနေတာကိုမထင်မှတ်ဘဲကြားခဲ့လို့သာ မမဇွန်ဟာဖေဖေ့လူမှန်းသိခဲ့ရတာပါ။အဲ့ဒါကြောင့်လည်း မမဇွန်ဟာ သခင့်ကိုအမြင်မကြည်ဖြစ်ခဲ့ဟန်တူပါသည်။ပြီးတော့ ဖေဖေပြောခဲ့တဲ့ သခင်နဲ့ကွာရှင်းမလားဆိုတဲ့ စကားဟာ လင်းနဲ့သခင်ရဲ့အခြေအနေကိုမမဇွန်ထံမှသိခဲ့လို့သာဖေဖေကပြောခဲ့ခြင်းဖြစ်မည်ထင်၏။

သခင် (Completed)Where stories live. Discover now