အပိုင်း(၂၈)

5.3K 343 18
                                    

လေးလံနေသောမျက်လုံးကိုအားယူဖွင့်ကာ အနီးအနားမှာရှိနေတဲ့ဖုန်းကိုယူကြည့်လိုက်တော့မနက်၇နာရီ။
ညကဘယ်အချိန်မှာအိပ်ပျော်သွားသလဲဆိုတာမမှတ်မိတော့။
မိုးလင်းခါနီးမှအိပ်ပျော်ခဲ့တယ်ထင်ပါရဲ့။အခု ခေါင်းတစ်ခုလုံးကိုက်ခဲကာ အိပ်ရေးမဝသလိုဖြစ်နေသည်။

ခုတင်ပေါ်ကဆင်းကာ ပြတင်းတံခါးများကိုဖွင့်လိုက်ပြီး အပြင်ဘက်ကိုကြည့်မိတော့ ထူးထူးခြားခြားပျက်စီးယိုယွင်းနေတာမျိုးမရှိပါ။ညကလေတအားကြမ်းသဖြင့် အပင်တွေဘာတွေကျိုးမယ်ထင်ခဲ့မိ‌ေသးသည်။
***
မျက်နှာသစ်ရင်းရေတစ်ခါတည်းချိုးလိုက်ကာခေါင်းပါလျှော်ပစ်လိုက်၏။
ရေချိုးခေါင်းလျှော်လိုက်မှ လူကအနည်းငယ်ကြည်လင်လာသည်။

မီးကလည်းမ‌ေန့ညကတည်းကနေ
အခုမနက်အထိပျက်နေသဖြင့် မနက်စာတော့ အပြင်မှာသာဝယ်စားရတော့မည်။ရေကမနေ့ကတည်းကအပြည့်တင်ထားပြီးသားမို့တော်သေးတယ်ဆိုရမည်။မဟုတ်ရင်ချိုးစရာရေပင်ရှိမည်မဟုတ်။

"ဟဲလို..ဖူးမြတ်"

"အေး"

"ငါနဲ့အပြင်လိုက်ခဲ့ပါဦး..မီးပျက်နေတော့ မနက်စာ အပြင်မှာစားရမှာ ...ပြီးတော့လည်း ငါဝယ်စရာလေးရှိသေးလို့"

"အေး လိုက်ခဲ့မယ်လေ.. ဘယ်အချိန်လဲ"

"ခဏနေရင် ငါထွက်လာခဲ့မယ်..နင်က စောင့်နေကျမှတ်တိုင်ကနေပဲစောင့်နေလိုက်...နင့်အရင်ငါ‌ေရာက်‌ေနရင်လည်း ငါစောင့်နေလိုက်မယ်"

"ဟုတ်ပြီ ဟုတ်ပြီ..ဒါပဲမလား"

"အင်း ဒါပဲ...ငါအဝတ်အစားမလဲရသေးလို့ အဝတ်အစားလဲလိုက်ဦးမယ် ..ဒါပဲနော်"

"အေးအေး"

ဂျင်းဘောင်းဘီနဲ့ ဆွဲသားအင်္ကျီလက်ရှည်အဖြူလေးကိုတွဲဖက်ဝတ်ဆင်လိုက်သည်။အရပ်ကပုတဲ့ထဲပါသည်မို့ အရပ်ရှည်မယ်ထင်ရတဲ့အဝတ်အစားများကိုပိုပြီးဝတ်ဖြစ်သည်။ဘောင်းဘီရှည်ဝတ်ထားတဲ့နေ့ဆို ကိုယ့်ကိုယ်ကိုယ် အရပ်ရှည်သွားသလိုခံစားရသည်။

"ဘာလေးပါလိမ့်မယ်"

ခုတင်အောက်ကနေ ကဒ်အထူလေးတစ်ခုတွေ့သဖြင့်ကောက်ကြည့်လိုက်သည်။သခင့်ပစ္စည်းလေးဖြစ်ဟန်တူသည်။ကိုယ့်ပစ္စည်းတော့မဟုတ်ပါ။

သခင် (Completed)Where stories live. Discover now