အပိုင်း(၅)

4.3K 230 6
                                    

Unicode

"မောင်..ငါ့ကိုအင်္ကျီတွေရွေးပေးဦးနော်"

"ရွေးပေးမှာပေါ့ဟ"

"ဖူးမြတ်ကလည်းလေ ပြီးမှမုန့်စားလည်းရနေတာကို ငါတို့နဲ့လိုက်မလာဘူး"

"ဘာဖြစ်လဲ ငါပါနေတာပဲကို"

လင်းတို့ အဝတ်အစားဝယ်ဖို့ဆိုပြီး ဖူးမြတ်ရယ်မောင်ရယ်အတူတူထွက်လာခဲ့ကြပြီးမှ ဖူးမြတ်က ဝက်သားဒုတ်ထိုးစားဖို့ဆိုပြီးကျန်ခဲ့သည်။အခုတော့မောင်နဲ့နှစ်ယောက်တည်း။

"လင်း..ဟိုမှာကြည့်လိုက်..အတွဲထင်တယ် နှစ်ယောက်စလုံးလှတယ်နော်"

မောင်ပြတဲ့ဆီကိုကြည့်လိုက်မိတော့ သခင်နဲ့သူရဲ့ဘေးကတော့ယောက်ျားတစ်ယောက်။သခင့်ရည်းစားထင်ပါရဲ့။ရုပ်ရေကတော့အသန့်ပါပဲ။ဒါ သခင့်ရဲ့မောင်ဆိုတဲ့သူပေါ့။
မုန်းလိုက်တာအဲ့ဒီလူရဲ့မျက်နှာကို။သခင်ကလည်းကိုယ်နဲ့သာ အပြုံးအရယ်မရှိခဲ့တာပါ။အဲ့ဒီလူနဲ့ကျပြုံးရွှင်မှုကအတိုင်းသား‌ပေါ်လွင်နေ၏။
မနာလိုမိလိုက်တာများ။အဲ့ဒီယောက်ျားကိုသွားသတ်ချင်မိတဲ့အထိပါပဲ။

"ဘာမှမလိုက်ဘူး...မကြာခင်ပြတ်ကျမှာ"

လင်းစိတ်တိုတိုနဲ့ပြောလိုက်၏။ဘယ်အတွဲကိုမှပြတ်စေလိုတဲ့စိတ်လင်းမှာမရှိခဲ့ပါ။ဒီအတွဲကတော့ခြွင်းချက်ပေါ့။

"နင်ကလည်း သူများအတွဲကို"

"လာပါနင့်မလည်း စကားကိုများတယ်"

လင်း မောင့်ကိုခေါ်ကာ သခင့်တို့ဝယ်နေတဲ့ဆိုင်ထဲဝင်သွားသည်။

လင်းဝင်လာတာကိုသခင်ကမြင်သည်။
ကြည့်လည်းကြည့်နေတယ်လိုစိတ်ကခံစားမိသည်။သခင့်ကိုတော့ပြန်မကြည့်မိပါ။

လင်းဝတ်စုံတစ်ခုကိုကောက်ကိုင်လိုက်ပြီး

"မောင်..ဒါလေးလှလား"

"လှတာပေါ့လင်းရဲ့..နင်ကဘာဝတ်ဝတ်လိုက်နေတာကို"

"အဲ့လိုတော့မပြောနဲ့လေမောင်ရာ...ရွေးပေးပါဆိုတာကို"

"အင်းပါ..ရွေးပေးပါ့မယ်"

မောင်ကတော့တစ်ထည်ပြီးတစ်ထည်လင်းကိုယ်ပေါ်ကိုတိုင်းကြည့်နေသည်။
ကိုယ်လည်းအတတ်နိုင်ဆုံးသခင့်ကိုမကြည့်ဘဲနေပါသော်လည်း မနေနိုင်တဲ့မျက်လုံးကရောက်သွားပြန်သည်။ကိုယ်ကြည့်မိတုန်း
သခင်နဲ့အကြည့်ချင်းဆုံသည်။သခင့်မျက်လုံးတွေဟာ ကိုယ့်ကိုအထင်အမြင်သေးခြင်းတွေပါနေသည်။ပြီးတော့စိတ်ပျက်နေသလို။
လင်းခဏအတွင်းမျက်နှာလွှဲလိုက်ကာ မောင်နဲ့အဝတ်အစားဆက်‌ရွေးနေလိုက်သည်။သခင်နဲ့ကိုယ်ကခပ်လှမ်းလှမ်းမို့ သူတို့ပြောတာကိုယ်မကြားသလို ကိုယ်ပြောတာလည်းသူတို့မကြားခဲ့ပါ။

သခင် (Completed)Where stories live. Discover now