အပိုင်း(၁၁)

4.2K 266 7
                                    

Unicode

"လာ အစ်မ အစ်မနေရမဲ့အခန်းထဲပစ္စည်းတွေသွားထားရအောင်"

လင်းပြောလည်းပြော လက်ကနေလည်းသူ့ရဲ့အထုပ်အား မ,ယူလိုက်သည်။

"နွယ်ကလေး"

ခုနတုန်းကတောင်နွယ်လေးလို့ခေါ်မယ်လို့ပြောထားတဲ့သူ့ဆီမှ ထိုအခေါ်အဝေါ်ကြောင့် သူ့ကိုပြန်ကြည့်မိလိုက်၏။

"ကျွန်မကိုခေါ်တာလားဟင်"

"ဟုတ်တယ်လေ...အစ်မ မင်းကိုနွယ်ကလေးလို့ခေါ်မယ်...မင်းကတော့ အစ်မလို့မခေါ်ပါနဲ့..သူစိမ်းဆန်ပါတယ် နာမည်တစ်ခုခုခေါ်ပါ"

သူ့ကိုကြည့်ရတာနွေးထွေးလိုက်တာ။အပြောအဆိုလေးကလည်းနူးညံ့၏။သခင်လည်းအပြောအဆိုပြေပြစ်နူးညံပြီးသာယာနာပျော်ဖွယ်စကားများပြောတတ်သည်။သို့သော် ကိုယ့်ကိုတော့သခင်က ဘယ်တော့မှနူးနူးညံ့ညံ့မပြောခဲ့ပါ။

"ဒါဆို မမဇွန်လို့ခေါ်မယ်နော်"

"အွန်း အဲ့လိုလေးခေါ်ပါ"

"ဟုတ်"

လင်းသူ့အထုပ်တွေကိုယူကာ သူနေရမဲ့အခန်းထဲသယ်သွားလိုက်သည်။သူလည်းနောက်ကနေ လင်းနဲ့မကွာလိုက်လာ၏။

"ဒါ မမဇွန်နေရမဲ့အခန်းပါ...မနေ့ကတည်းကသန့်ရှင်းထားတာ"

"ကျေးဇူးပါနော်"

"ရပါတယ်မမဇွန်ရဲ့...ဪ..ညကျရင် သခင်နဲ့မိတ်ဆက်ပေးမယ်နော်"

"အင်းအင်း"

ပြောသာပြောရပေမဲ့ သခင်ကလက်ခံပါ့မလားမသိပါ။

"ဒါဆိုလည်းခဏနားလိုက်ပါဦးနော်"

"အင်းပါ..မမဇွန်ကိုဧည့်သည်လိုသဘောထားမနေနဲ့ဟုတ်ပြီလား"

"ဟုတ်ကဲ့"

"‌နောက်ပြီး ထမင်း ဟင်းလည်း မမဇွန်ပဲချက်မှာနော်..နွယ်ကလေးချက်စရာမလိုတော့ဘူး"

"တကယ်လား"

လင်းဟန်တောင်မဆောင်မိလိုက်ပါ။ကိုယ့်ဘာသာချက်တာတွေကတစ်ခုမှအဆင်မပြေလှပါ။ဒါကြောင့် သူချက်ပေးမယ်ဆိုတော့တကယ်ပဲဝမ်းသာသွားမိသည်။

ပြောပြီးမှအားနာစိတ်ကဝင်လာသည်။

"ရပါတယ် မမဇွန် လင်းဘာသာချက်ပါ့မယ်"

သခင် (Completed)Where stories live. Discover now