အပိုင်း(၈)

4.1K 223 10
                                    

Unicode

"သခင် သခင့်ဘက်ကသေချာရဲ့လားဟင်...သခင်သဘောမကျရင် မင်္ဂလာပွဲကို လင်းဘက်ကဖျက်ပေးပါ့မယ်"

လင်းတို့အိမ်မှာ သခင့်ဖေဖေအပါအဝင် လင်းဖေဖေကိုယ်တိုင်ငှားထားသောရှေ့နေလည်းရောက်နေနှင့်ပြီဖြစ်သည်။တကယ်ကိုအကျဉ်းရုံးမျှသာ  စီစဉ်ထားသည် ။ သခင့်မျက်နှာကြည့်လိုက်တော့ငိုထားတာသိသာနေသည်။မျက်ရည်စများပင်ကျန်‌နေသေး၏။
လင်းဘယ်တုန်းကမှသခင့်အပေါ်အနိုင်မယူဖူးခဲ့တာပါ။အခုလည်း သခင့်မျက်ရည်များကိုမြင်ရတော့ သခင့်ကိုပိုင်ဆိုင်ချင်မိခဲ့တဲ့စိတ်ကလေးကိုပင်အားနာမိသွားသည်။ဒါကြောင့်လည်း သခင်ခွင့်ပြုရင်မင်္ဂလာပွဲကို ကိုယ့်ဘက်ကဖျက်သိမ်းပေးလိုက်တော့မည်။

"အခုအချိန်မှဘာလုပ်လို့ရတော့မှာလဲ"

သခင့်အသံဟာ ခပ်ဖျော့ဖျော့သာထွက်လာသည်။ငေးငေးငိုင်ငိုက်နဲ့ အသက်မဲ့နေသလို။

"အချိန်မှီပါသေးတယ်သခင်...လက်မှတ်မှမထိုးရသေးဘဲ ဥစ္စာ"

"မလိုဘူး..မင်းဘက်ကအခုမှဖျက်လိုက်ရင် ငါ့အဖေပဲမျက်နှာပျက်ရမှာ ဒါကြောင့်ဒီပွဲကို ဒီတိုင်းပဲထားလိုက်တော့"

"သခင့်ကိုစိတ်မဆင်းရဲစေချင်ဘူး...လင်းဘာလုပ်ပေးရမလဲသခင်...သခင့်ချစ်သူကိုလှမ်း‌‌
ခေါ်ပြီးသခင့်ကိုလာခိုးခိုင်းလိုက်ရမလား"

ဘာကိုမှမတွေးတောချင်တော့ပါ။သခင်စိတ်ချမ်းသာမဲ့လမ်းကိုသာ လျှောက်လှမ်းစေလိုတော့၏။

"မင်းမှာဦးနှောက်မပါဘူးလား....ဟမ်...ငါသာခိုးရာလိုက်ချင်ရင်အစကတည်းကလိုက်ပြီးပြီ...မင်းသာအစကတည်းကငြင်းခဲ့ရင်ဒီလို‌နေ့
ဆိုတာဖြစ်လာမှာမဟုတ်ဘူး...မင်းမှတ်ထားရမှာက မင်းကိုငါမုန်းတယ်ဆိုတာပဲ"

"သခင် လင်းကိုမုန်းမှန်းသိပါတယ်...

ထားပါ ...သခင်လက်ခံတယ်ဆိုလည်းသွားရအောင်လေ လူကြီးတွေစောင့်နေကြပြီ..
ဪ....ပြီးတော့ လင်းတို့ကမိန်းကလေးနှစ်ယောက်ဖြစ်နေတဲ့အတွက်ဒီနိုင်ငံမှာတရားမဝင်ပါဘူးလေ အဲ့ဒါကြောင့် သခင့်လွှတ်လွှတ်လပ်လပ်စိတ်ကြိုက်နေခွင့်ရှိပါတယ်"

သခင် (Completed)Where stories live. Discover now